ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၌ သွားရောက်လေ့ကျင့်

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၌ သွားရောက်လေ့ကျင့်
Photo: MFF
Photo: MFF
Published 20 April 2022

 

မြန်မာ ယူ-၂၂ အသင်းသည် ၃၁ ကြိမ် မြောက် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အတွက် အကြိုပြင်ဆင်မှုအဖြစ် ယူအေအီး နိုင်ငံ၌ သွားရောက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ယူအေအီး နိုင်ငံ၌ လေ့ကျင့်ရန် ဧပြီ ၁၇ ရက်က ထွက်ခွာ သွား ပြီး မေ ၄ရက်အထိ လေ့ကျင့်မှုပြုလုပ် မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယူအေအီးနိုင်ငံ၌ နှစ်ပတ်ကျော် နေထိုင်လေ့ ကျင့်မည်ဖြစ်ပြီးယင်းကာလအတွင်း ယူအေ အီးကလပ်အသင်းများနှင့် ခြေစမ်းပွဲသုံးပွဲ ကစားနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ ယူ-၂၂ အသင်းသည် ဆီး ဂိမ်းစ်ပြိုင်ပွဲအတွက် ကစားသမား ၃၁ ဦး ရွေး ချယ်ထားသော်လည်း ယူအေအီးခြေစမ်းခရီး စဉ်သို့ ကစားသမား ၂၆ ဦး သာ ခေါ်ဆောင် သွားကြောင်း သိရသည်။ မြန်မာယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်ေရွးချယ်ထား သည့် ပဏာမကစားသမား ၃၁ ဦးစာရင်းတွင် အသက်ကျော်ကစားသမား ရှစ်ဦးပါဝင်နေပြီး ယူအေအီးခြေစမ်းခရီးစဉ်သို့  လေးဦးခေါ် ဆောင်သွားသည်။ 

ဆီးဂိမ်းစ်အမျိုးသားဘော လုံးပြိုင်ပွဲတွင် အသက်ကျော်ကစားသမား သုံးဦးသာ ခွင့်ပြုမည်ဖြစ်သောကြောင့်  မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်အနေဖြင့် လက်ရှိရွေးချယ်ထားသည့် အသက်ကျော် ကစားသမားများအနက်မှ ငါးဦးလျှော့ချရ မည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ယူအေအီးနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို ့တိုက်ရိုက်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ၃၁ ကြိမ် မြောက် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ တွင် အုပ်စု (A) ၌ အိမ်ရှင်ဗီယက်နမ်၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့်အတူ ကျရောက်နေသည်။ ဗီယက်နမ်အသင်း သည် ဆီးဂိမ်းစ်အကြိုြပင်ဆင်မှုအဖြစ် ဧပြီ ၁၉၊ ၂၂ ရက်တွင် တောင်ကိုရီးယား ယူ-၁၉ အသင်း နှင့် ဟနွိုင်းမြို့၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ထို့အတူ အုပ်စုတွင်း ပြိုင်ဘက် ဖိလစ်ပိုင်အသင်းမှာလည်း လာ မည့် မေ ၁ ရက်တွင် မလေးရှားအသင်းနှင့် မလေးရှားနိုင်ငံ၌ ခြေစမ်းကစားမည်ဖြစ် သည်။ 

အုပ်စုတွင်းပြိုင်ဘက်ဖြစ်သည့် တီ မောအသင်းမှာလည်း ဧပြီ ၂၉ ရက်တွင် မလေးရှားအသင်းနှင့် မလေးရှားနိုင်ငံ၌ပင် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနှင့် အုပ်စုဒုတိယနေရာအတွက် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည့်အင်ဒိုနီးရှား အသင်းမှာ လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံ၌ နေထိုင်လေ့ကျင့်နေပြီး ကေလိဂ် အသင်းများနှင့် ခြေစမ်းပွဲကစားရန် စီစဉ် ထားကြောင်း သိရသည်။ အင်ဒိုနီးရှား အသင်းသည် ဧပြီ ၂၃ ရက်တွင် ကေလိဂ် ကလပ် ပိုဟန်စတီးလားစ်အသင်း၊ ဧပြီ ၂၇ ရက်တွင် ကေလိဂ်ကလပ် ဒေးဂျွန်းအသင်းတို့ နှင့် ခြေစမ်းကစားမည်ဖြစ်ကြောင်း သိရ သည်။

Most Read

Most Recent