ဂွါဒီယိုလာကို (၁၀)ပွဲအနိုင်ရသည့် ပထမဆုံးနည်းပြအဖြစ် ယာဂန်ကလော့ပ် မှတ်တမ်းဝင်

ဂွါဒီယိုလာကို (၁၀)ပွဲအနိုင်ရသည့် ပထမဆုံးနည်းပြအဖြစ် ယာဂန်ကလော့ပ် မှတ်တမ်းဝင်
Photo: Anfield Edition
Photo: Anfield Edition
Published 18 April 2022

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို (၁၀)ပွဲအနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ယာဂန်ကလော့ပ်နှင့် ဂွါဒီယိုလာတို့သည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော FA ဖလား ဆီမီးဖိုင်နယ်တွင် နည်းပြဘဝတစ်လျှောက် (၂၄)ပွဲမြောက်အဖြစ် ဆုံတွေ့ခဲ့ကြသည်။

ယင်းပွဲတွင် ယာဂန်ကလော့ပ်က အနိုင်ရရှိခဲ့သည့်အတွက် ဂွါဒီယိုလာအား အနိုင်ရရှိမှု (၁၀)ပွဲပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက (၈)ပွဲအနိုင်ရကာ (၆)ပွဲသရေကျခဲ့ပြီး ၎င်းတို့၏ ဆုံတွေ့မှုမှာ ဂျာမန်မြေတွင် အစပြုခဲ့ခြင်းလည်းဖြစ်သည်။

ဂွါဒီယိုလာသည် အခြားမည်သည့်နည်းပြကိုမျှ (၁၀) ပွဲအထိ ရှုံးနိမ့်ဖူးခြင်းမရှိသေးဘဲ ယာဂန်ကလော့ပ်ကို ပထမဆုံးရှုံးနိမ့်ခြင်းဖြစ်သည်။

Most Read

Most Recent