Disney၊ ESPN စသည့် အမေရိကန်ကုမ္ပဏီကြီးများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဟု အဂွဲရိုး ကြေညာ

Disney၊ ESPN စသည့် အမေရိကန်ကုမ္ပဏီကြီးများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဟု အဂွဲရိုး ကြေညာ
Photo : Facebook
Photo : Facebook
Published 18 April 2022

ပြီးခဲ့သည့်ဒီဇင်ဘာလက နှလုံးရောဂါပြဿနာကြောင့် ကစားသမားဘဝမှ အနားယူခဲ့ရသည့် အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွဲရိုးသည်  အမေရိကန်ကုမ္ပဏီကြီးများဖြစ်သည့် Disney၊ ESPN တို့နှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်သွားမည်ဟု အတည်ပြုကြေညာခဲ့သည်။

အဂွဲရိုးသည် ယင်းကုမ္ပဏီများနှင့်အတူ အစီအစဉ်အမျိုးမျိုး၏ Streaming Service ပိုင်းတွင် လက်တွဲ လုပ်ဆောင်သွားရန် ကာလရှည်သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။ "Disney၊ ESPN၊ Disney+နဲ့ Star+က အစီအစဉ် အားလုံးက စိတ်လှုပ်ရှားစရာ အရမ်းကောင်းတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ကျွန်တော်အရမ်းနှစ်သက်တဲ့ Kru Esports အသင်းအပါအဝင် ပလက်ဖောင်းများစွာမှာ လက်တွဲလုပ်ဆောင်သွားမှာပါ။ ဒီသဘောတူညီမှုအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပြီး အသင့်လည်း ဖြစ်နေပါပြီ" ဟု အဂွဲရိုးက ပြောကြားခဲ့သည်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ အဂွဲရိုးသည် ကစားသမားဘဝမှ အနားယူပြီးကတည်းက အမေရိကန်နာမည်ကြီး Live Streaming Service တစ်ခုဖြစ်သည့် Twich ၌ Streaming Service တွင် ပြုလုပ်နေလျက်ရှိကာ Follower အရေအတွက်မှာလည်း (၃.၉)သန်းနီးပါးအထိ ရှိလာခဲ့ကြောင်း သိရသည်။

အဂွဲရိုးသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ကစားပြီးနောက် ပြီးခဲ့သည့်နှစ်နွေရာသီကမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း လအနည်းငယ်အကြာတွင် ဘောလုံးလောကကို ကျောခိုင်းခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent