ငွေကြေးဆိုင်ရာထုတ်ပြန်ချက်ကြောင့် မန္တလေးကုန်စည်ဒိုင် ပဲစျေးကွက်တွင် ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကြား စျေးကျဆင်းနေဟုဆို

ငွေကြေးဆိုင်ရာထုတ်ပြန်ချက်ကြောင့် မန္တလေးကုန်စည်ဒိုင် ပဲစျေးကွက်တွင် ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကြား စျေးကျဆင်းနေဟုဆို
ကိုဗစ်ကာလမတိုင်မီက မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်နေကြသည်ကို တွေ့ရစဉ်
ကိုဗစ်ကာလမတိုင်မီက မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်နေကြသည်ကို တွေ့ရစဉ်
Published 4 April 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် ငွေကြေးဆိုင်ရာမူဝါဒကြောင့် ပဲစျေးများ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ ကြားကျဆင်းသွားကြောင်း မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

“ဒီနေ့ (ဧပြီ ၄ ရက်) ပဲစျေးတွေ အကုန်ကျတယ်။ မနေ့က ဗဟိုဘဏ်ထုတ်တဲ့ ကြေညာချက်ကြောင့် ထင်တယ်။ ပဲစျေးတွေ ကျကုန်တယ်။ မနေ့က V2 ကုလားပဲစျေးက ၁၃၂၀၀၀ စျေးရှိပြီး ဒီနေ့ ၅၀၀၀ လျော့စျေးဖြတ်တယ်။ ၁၂၇၀၀၀ စျေးရှိတယ်။ နောက်ပြီး ထိုင်ဝမ်ကုလားပဲ ၁၂၃၀၀၀ စျေးကနေ ဒီနေ့တော့ ၁၁၈၀၀၀ စျေး ဖြတ်တယ်။ ပဲစင်းငုံဆို မနေ့က ၁၃၃၅၀၀ စျေးဖွင့်ပြီး ဒီနေ့တော့ ၁၂၇၀၀၀ စျေးဖွင့်တယ်။ မတ်ပဲစျေး မနေ့က ၁၃၆၀၀၀ ကနေ ၁၄၀၀၀၀ ကြား အဝယ်ရှိတယ်။ ဒီနေ့  ၁၂၅၀၀၀ ကနေ ၁၃၀၀၀၀ ကြားနဲ့ ဝယ်နေကြတယ်။ တရုတ်ဝယ်လက်တွေ ဝယ်နေတဲ့ ပဲတွေဆိုရင် ပဲဇီးကွက်စျေး မနေ့က ၁၂၈၀၀၀ စျေး၊ ဒီနေ့ ၁၂၀၀၀၀ စျေးနဲ့ဝယ်နေတယ်။ မနေ့ကဆို စွန်တာနီစျေး ၁၂၇၀၀၀ စျေးပေါက်နေတာ။ ဒီနေ့ကျ ၁၂၀၀၀၀ စျေး ဖြစ်သွားတယ်။ ပဲယင်းစျေး မနေ့က ၁၂၀၀၀၀ စျေး၊ ဒီနေ့ ၁၁၅၀၀၀ စျေး ဖြစ်သွားတယ်။ ဘိုကိတ်ပဲစျေးဆို မနေ့က ၁၇၀၀၀၀ ကျော်စျေးရှိတယ်။ ဒီနေ့ ၁၄၀၀၀၀ ကျော်စျေးပဲရှိတော့တယ်။ စျေးက တစ်အိတ်ကို ၃၀၀၀၀ လောက် စျေးပြုတ်ကျသွားတယ်။ မနေ့က ကြေညာချက်ကြောင့် ပဲစျေးကွက်ကျတယ်လို့ ပြောလို့ရတယ်။ ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ပဲ စျေးတွေကျသွားတယ်လို့ ပြောလို့ရပါတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းဖူးစေ့ အရောင်းအဝယ်အေးအေးနှင့် မှန်မှန်ရှိကြောင်း သင်္ကြန်နားနီးလာသောကြောင့် ဆက်လက်ပြီး ပဲစျေးအေးနိုင်ကြောင်း သိရသည်။

ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်သည့်နေ့မှ တစ်ရက်အတွင်း မြန်မာကျပ်အဖြစ်ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး လဲလှယ်ပေးရမည့်ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent