ငွေကြေးလွယ်ကူမှု အချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့်ကာလ သက်တမ်းကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်

ငွေကြေးလွယ်ကူမှု အချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့်ကာလ သက်တမ်းကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်
ရန်ကုန်မြို့ရှိ  မြန်နမာနိုင်ငံတော် ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ  မြန်နမာနိုင်ငံတော် ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 31 March 2022

ငွေကြေးလွယ်ကူမှု အချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့်ကာလ သက်တမ်းကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း မြန် မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ရည်ညွှန်းချက် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁.၁၀.၂၀၂၁ ရက်စွဲပါ) ညွှန်ကြားချက်အမှတ် (၁၄/၂၀၂၁)ဖြင့် ငွေကြေးလွယ်ကူမှု အချိုးတွက်ချက်ရာတွင် ငွေတိုက်စာချုပ်အားလုံး၏ မည်သည့်သက်တမ်းကိုမဆို ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းတွက်ချက်ရန် ယာယီပြင်ဆင်သတ်မှတ်ခြင်းကို ၁.၁၀.၂၀၂၁ ရက်မှ ၃၁. ၃.၂၀၂၂ ရက်အထိ ယာယီထည့်သွင်းတွက်ချက်ရန် ညွှန်ကြားခဲ့သည်။

လက်ရှိCOVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားမှုနှင့် ဘဏ်များ၌ ကြုံတွေ့နေရသည့် အခြေအနေအရ ငွေကြေးလွယ်ကူမှု ပံ့ပိုးရန်လိုအပ်သဖြင့် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်ရာတွင် ငွေတိုက်စာချုပ်အား လုံး၏ မည်သည့်သက်တမ်းကိုမဆို ၁၀၀ ရာ ခိုင်နှုန်း ထည့်သွင်းတွက်ချက်ရန် ယာယီပြင် ဆင်သတ်မှတ်ခြင်းနှင့် ဘဏ်များ၏ အခြားဘဏ်များ၌ အပ်နှံထားသော အချိန်ပိုင်းအပ်ငွေများအား သက်တမ်းစေ့ရောက်ရန် တစ်လ အောက်လက်ကျန်ကို ထည့်သွင်းတွက်ချက်ရန်အစား သက်တမ်းစေ့ရောက်ရန် သုံးလအောက်လက်ကျန်ကို ယာယီထည့်သွင်း တွက်ချက်ရန်ကာလအား ၂၀၂၂ ခုနှစ် ဧပြီ  ၁ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ တစ် နှစ် သက်တမ်းတိုးမြှင့်လိုက်သည်။

အထက်အပိုဒ်(၂)ပါ ယာယီပြင်ဆင်သတ်မှတ်ချက်အား သက်တမ်းတိုးမြှင့်ခြင်းမှလွဲ၍ ငွေကြေးလွယ်ကူမှုအချိုး သတ်မှတ် ချက်ဆိုင်ရာစည်းမျဉ်းပါ ကျန်အချက်များသည် ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက် တည်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများ မှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့်အသုံးစရိတ်၊ အစိုး ရငွေချေးသက်သေခံ လက်မှတ်များပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင် ငံခြားငွေကြေး အခြေအနေတို့ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေ ကြေးလွယ်ကူမှုအချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့်အစီရင်ခံစာများမှာ ဝင်ငွေနှင့်အသုံး စရိတ်အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်းလုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့်အမျိုးအစား ခွဲခြားခြင်းနှင့်လျာထား ခြင်းစာရင်း၊ သုံးလတစ်ကြိမ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံအမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏နှစ်ချုပ် အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာတို့ဖြစ်  ကြောင်း သိရသည်။

 

 

Most Read

Most Recent