မဂ္ဂါဝပ် ၂၀ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် ဒေါ်လာ ၈၅ သန်းနှင့် ကျပ် ၄၃၃၂၇ သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ခုနစ်ခု MIC ခွင့်ပြု

မဂ္ဂါဝပ် ၂၀ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် ဒေါ်လာ ၈၅ သန်းနှင့် ကျပ် ၄၃၃၂၇ သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ခုနစ်ခု MIC ခွင့်ပြု
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်။
Published 31 March 2022

မဂ္ဂါဝပ် ၂၀ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် ဒေါ်လာ ၈၅ သန်းနှင့် ကျပ် ၄၃၃၂၇ သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ် ခုနစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြု ပေးလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က (၂/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို မတ် ၃၀ ရက်က ကျင်းပခဲ့ရာတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မ တည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ တို့မှ လုပ်ငန်းသစ် ခုနစ်ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ကျပ် ၄၃၃၂၇ ဒသမ ၄၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၅၅၃ နေရာကို ဖန်တီး ပေးနိုင်မည်ဖြစ်သည်။

ယင်းအစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် တည်ဆောက်ရေးကာလ ခြောက်လအတွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည် ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အ ဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ(က)ဓာတ်မြေသြ  ဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ် မြေထုတ်လုပ်ခြင်းလုပ်ငန်းများ(ဂ)သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ(ဃ)စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ(င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ် ခြင်းလုပ်ငန်းများ၊ (စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ (ဆ)ဆေးဝါး နှင့်ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ)အများပြည်သူသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာ တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဟု သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) လေးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား   တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀၇ သန်း နီးပါးဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ် လာ ၂၇၅ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget) လေးလအတွင်း နိုင်ငံအလိုက် ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၇၅ ဒသမ ၇၀၁ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ ၆၀၄ သန်း၊ တိုင်ပေက ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ပြင်သစ်နိုင်ငံက ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ဒေါ် လာ ၅၅ ဒသမ ၀၈၈ သန်း၊အိန္ဒိယက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၃၁၀ သန်း၊ မလေးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊R.O.K က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄၄ ဒသမ ၇၁၀ သန်း၊Samoa ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ နှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊နယ်သာလန်က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ နီပေါနိုင်ငံကဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၅၀၆ ဒသမ ၈၂၃ သန်း ဝင်ရောက်ထားသည်။

 

 

Most Read

Most Recent