ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးသုုံးရာခိုင်နှုန်းသို့ ယာယီပြင်ဆင်လျှော့ချသတ်မှတ်သည့်ကာလနှင့် တွက်ချက်မှုပုံစံသစ်ကို ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးမြှင့်

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးသုုံးရာခိုင်နှုန်းသို့ ယာယီပြင်ဆင်လျှော့ချသတ်မှတ်သည့်ကာလနှင့် တွက်ချက်မှုပုံစံသစ်ကို ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးမြှင့်
Published 29 March 2022

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးသုုံးရာခိုင်နှုန်းသို့ ယာယီပြင်ဆင်လျှော့ချသတ်မှတ်သည့်ကာလနှင့် တွက်ချက်မှုပုံစံသစ်ကို ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ်(၃/၂၀၂၂)ကို ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းကဏ္ဍ၏ ဘဏ္ဍာငွေဖြည့်ဆည်းမှုကို တိုးမြှင့်ရန်နှင့် ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို အထောက်အကူပြုစေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုး(သုံးရာခိုင်နှုန်း)သို့ ယာယီပြင်ဆင်လျှော့ချသတ်မှတ်သည့်ကာလ တိုးမြှင့်ခြင်းအား ရည်ညွှန်းချက်-၁ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၇.၁.၂၀၂၁)ရက်စွဲပါ  ညွှန်ကြားချက်အမှတ်(၁၃/၂၀၂၁)ပါ ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဘဏ်များ၏ငွေသားစီမံခန့်ခွဲမှု ကောင်းမွန်စေရန်နှင့်ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ပိုမိုအထောက်အကူပြုစေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလို အပ်ချက်အချိုးတွက်ချက်မှုအား  ဘဏ်များ၏စာရင်းရှင်အပ်ငွေ (CAB) အပြင် ဘဏ်များ လက်ဝယ်ရှိငွေသား (Cash at Bank) ကိုပါ ထည့်သွင်းတွက်ချက်သည့် တွက်ချက်မှုပုံစံသစ်ပြင်ဆင်သတ်မှတ်ခြင်းအား ရည်ရွည်ချက်-၂ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၅.၁၁.၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၉/၂၀၂၁)ပါ ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ဆက်လက်၍ အထောက်အကူဖြစ်စေရန်နှင့် ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးအား သုံးရာခိုင်နှုန်းသို့ ယာယီပြင်ဆင်လျှော့ချသတ်မှတ်သည့်ကာလနှင့် တွက်ချက်မှုပုံစံသစ်အသုံးပြုသည့် အကျုံးဝင်ကာလတို့အား ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်သတ်မှတ်လိုက်သည်။ ညွှန်ကြားချက် (၁၉/၂၀၂၁) ပါ အကျုံးဝင်သည့်ကာလအား ယခုညွှန်ကြားချက်ဖြင့် လွှမ်းမိုးလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်အပိုဒ်(၃)ပါ ယာယီပြင်ဆင်သတ်မှတ်ခြင်းသည် သက်တမ်းကာလတိုးမြှင့်ခြင်းမှလွဲ၍ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ပြည့်မီလိုက်နာမှုမရှိခြင်းအတွက် ဒဏ်ကြေးဆိုင်ရာသတ်မှတ်ခြင်းများသည် ယခင်အတိုင်းမပြောင်းလဲဘဲ ဆက်လက်တည်ရှိမည်ဖြစ်သည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲဆောင်ရွက်မှု၊ ဝင်ငွေနှင့်အသုံးစရိတ်၊ အစိုးရငွေချေး သက်သေခံလက်မှတ်များပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်းအခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေးအခြေအနေတို့ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့်အစီရင်ခံစာမှာ ငွေကြေးလွယ်ကူမှုအချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့်အစီရင်ခံစာများမှာ ဝင်ငွေနှင့်အသုံးစရိတ်အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်းလုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့်အမျိုးအစားခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ် ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသောကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက် ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံအမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏နှစ်ချုပ် အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ဖြစ်သည်။

 

 

 

 

Most Read

Most Recent