၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၅၀၃၄ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၅၀၃၄ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိ
ကုန်ထုတ်လုုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ကုန်ထုတ်လုုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 29 March 2022

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၅၀၃၄ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၅ ဒသမ ၀၄၃ သန်း၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၉ ဒသမ ၃၅၀ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၃၈ ဒသမ ၆၃၇ သန်း၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၀ ဒသမ ၅၈၄ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ်လာ ၆၅ သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄၅ ဒသမ ၆ သန်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၃၀ ဒသမ ၄၉၇ သန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၀၆ ဒသမ ၀၆၄ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅၃၀ ဒသမ ၇၇၅ သန်းဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၃၁၂၁  ဒသမ ၃၂၃ သန်းဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ ဒသမ ၀၂၃သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃  ဒသမ ၅ဝဝသန်းဖြင့် တတိယအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်ကဏ္ဍများမှ အခြားဝန်ဆောင်မှုကဏ္ဍ ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့်အိမ်ရာအဆောက်အအုံတည်ဆောက်မှုကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၀၂ ဒသမ ၀၆၃ သန်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဒေါ်လာ  ၃၈၉၃ ဒသမ ၄၆၁ သန်းဖြစ်သည်။

 

 

Most Read

Most Recent