၂၀၂၂ ခုနှစ် မတ်တွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏  ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း ဝင်ရောက်ရန်လျာထားရာ သင်္ဘောစင်းရေ ၄၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်

၂၀၂၂ ခုနှစ် မတ်တွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏  ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း ဝင်ရောက်ရန်လျာထားရာ သင်္ဘောစင်းရေ ၄၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်
ရန်ကုန်မြို့ရှိ ကုန်သေတ္တာတင်ဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ကုန်သေတ္တာတင်ဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ်
Published 28 March 2022

၂၀၂၂ခုနှစ် မတ်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ စုစုပေါင်းကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း ဝင်ရောက်ရန်လျာထားရာ သင်္ဘောစင်းရေ ၄၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၃ ခု၏ စုစုပေါင်းကုန်သေတ္တာတင်သင်္ဘော ၉၇ စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းရာသီပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှ စတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

မေလမှစ၍ သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ ပြန်လည်မြင့်တက်လာခဲ့ကာ ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းပြင်ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်ထိလည်း ကုန်သေတ္တာတင်သင်္ဘော ၄၀ စင်းကျော်အထိ ဝင်ရောက်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင်သင်္ဘောသစ် သုံးစင်းအား စတင်ပြေးဆွဲခဲ့သည်။

Maersk Line Myanmar က စတင်ပြေးဆွဲခဲ့သည့် သင်္ဘောသစ်များမှာ Maersk Norberg, Maersk Narvik နှင့် Maersk Nesna တို့ဖြစ်သည်။ အဆိုပါသင်္ဘောသုံးစင်းအနက် Maersk Norberg သည် MITT နှင့် MIP ဆိပ်ကမ်းတံတားများတွင် ဆိုက်ကပ်ကုန်တင်ကုန်ချပြုလုပ်မည်ဖြစ်ကာ ၂၀၂၁ ဇွန် ၁၀ ရက်က Launching Ceremony အား MIP ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောသစ် သုံးစီးမှာ ကုန်သေတ္တာ ၁၇၅၀ TEU 21000 မက်ထရစ်တန် (ရေစူး ၉.၅ မီတာ) တင်ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံစျေးကွက်အတွက် သီးသန့်ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာတင်သင်္ဘောသစ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equipment လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန် မလိုတော့ဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းများသို့ တန်ချိန်သုံးသောင်းအထက် သင်္ဘော ၁၅၂ စင်းဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent