POSCO ကုမ္ပဏီက ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများ၌ အထောက်အကူပြုလုပ်ငန်းများ မတ် ၃၁ ရက်မှ ဇွန် ၁၅ ရက်အထိ ဆောင်ရွက်မည်

POSCO ကုမ္ပဏီက ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများ၌ အထောက်အကူပြုလုပ်ငန်းများ မတ် ၃၁ ရက်မှ ဇွန် ၁၅ ရက်အထိ ဆောင်ရွက်မည်
POSCO International ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ် (Photo- POSCO International)
POSCO International ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ် (Photo- POSCO International)
Published 26 March 2022

POSCO ကုမ္ပဏီက ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ထုတ် လုပ်ရေးလုပ်ငန်းများ၌ အထောက်အကူပြုလုပ်ငန်းများ မတ် ၃၁ ရက်မှ ဇွန် ၁၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO International Corporation(Myanmar E&P) ကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများ၌ အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသင့်စောင့်ဆိုင်းလျက်ရှိသော ရေယာဉ်များ ခေတ္တ ရပ်နားနိုင်ရန် (Temporary Remote Mooring Buoy) ရွေ့လျား ဗော်ယာချထားမည့် တည်နေရာများကို ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ရာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် အသင့်စောင့်ဆိုင်းလျက်ရှိသော ရေယာဉ်များ ခေတ္တရပ် နားနိုင်ရန် (Temporary Remote Mooring Buoy) ရွေ့လျားဗော်ယာများ ချထား စဉ်ကာလအတွင်း လုပ်ငန်းနှောင့်နှေး ကြန့်ကြာမှုမဖြစ်ပေါ်စေရေး လုပ်ငန်းခွင် တည်နေ ရာများမှ လေးကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပြီး သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိ ပေးချက်လည်း  ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A 1 ရှိ Shwe Phase 2 Development Project အတွက် Offshore Installation Activities လုပ်ငန်းများ ဧပြီ ၂၇ ရက်မှ မေ ၃၁  ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ရေနံရှာဖွေတူူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် (A-1)တွင် Shwe Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Offshore Construction Vessel “TELFORD 25” ဖြင့် ဆောင်ရွက်မည့် တည်နေရာ များကို ထုတ်ပြန်ထားသည်။

POSCO က ကမ်းလွန်လုပ်ကွက်အ မှတ် A3 တွင်  Shwe Phase 2 Exploration Project အတွက်  Drilling Campaing လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

POSCO က ကမ်းလွန်လုပ်ကွက်အ မှတ် A3 တွင်  Shwe Phase 2 Exploration Project အတွက် တူးဖော်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ မှ ဧပြီ ၁၅ ရက်အ တွင်း ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေတူူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO International Corporation(Myanmar E&P) သည် ကမ်းလွန် လုပ်ကွက်အမှတ် (A-3)တွင် Shwe Phase 2 Exploration Project အတွက် တွင်းတူး ဖော်ရေးလုပ်ငန်းများအား  Semi-Submersible Rig“ Deepwater NAUTILUS”(Call Sign:D5 UE8) ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၁၅ ရက်အထိ ဆောင် ရွက်မည်ဖြစ်သည်။

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၃၈ သန်းထွက်ရှိမည့် ရေနံဓာတ်ငွေ့သိုက်အသစ်“မဟာကိုတွေ့ရှိခဲ့ကြောင်း POSCO International က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော POSCO သည် မြန်မာနိုင်ငံအတွင်း တူးဖော်ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့လုပ်ကွက်အနီးဝန်း ကျင်တွင် နောက်ထပ် ဓာတ်ငွေ့သိုက်အသစ် “မဟာ”ကို ထပ်မံတွေ့ရှိကြောင်း ဖေဖော်ဝါ ရီ ၁၇ ရက်တွင် အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။

       

 

Most Read

Most Recent