သင်္ကြန်ကာလအတွင်း မြန်မာမှ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးသည် များပြားမှုကြောင့် ရန်ကုန်-ဘန်ကောက်-ရန်ကုန် လေယာဉ်လက်မှတ်များ အားလုံးနီးပါး ရောင်းချထားပြီးဖြစ်ကြောင်း သိရ

သင်္ကြန်ကာလအတွင်း မြန်မာမှ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးသည် များပြားမှုကြောင့် ရန်ကုန်-ဘန်ကောက်-ရန်ကုန် လေယာဉ်လက်မှတ်များ အားလုံးနီးပါး ရောင်းချထားပြီးဖြစ်ကြောင်း သိရ
ရန်ကုန်-ဘန်ကောက် ခရီးစဉ်ပျံသန်းနေသည့်  (MNA) လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား တွေ့ရစဉ်
ရန်ကုန်-ဘန်ကောက် ခရီးစဉ်ပျံသန်းနေသည့်  (MNA) လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား တွေ့ရစဉ်
Published 25 March 2022

၂၀၂၂ခုနှစ် သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ် မည့် ခရီးသည်များပြားမှုကြောင့် ရန်ကုန်-ဘန်ကောက်-ရန်ကုန် လေယာဉ်လက်မှတ်များ အားလုံးနီးပါး ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်း လိုင်းနှစ်ခုဖြစ်သည့် နိုင်ငံပိုင် မြန်မာအမျိုး သားလေကြောင်းလိုင်း (MNA)နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) တို့ ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား ပျံသန်းနေခြင်းဖြစ်သည်။

“နိုင်ငံခြားခရီးမသွားရတာ ကြာတော့ သင်္ကြန်ကာလ ဘန်ကောက်မှာ အလည်အပတ်နဲ့ အလုပ်ကိစ္စအတွက် ရန်ကုန်-ဘန်ကောက် လေယာဉ်လက်မှတ်ဝယ်ဖို့  စုံစမ်းတာ အားလုံးနီးပါး ရောင်းထားပြီးဖြစ်တယ်လို့ သိရတယ်။ စင်ကာပူလက်မှတ်က ကျန်သေး ပေမယ့် ထိုင်းသင်္ကြန်ကို ပိုသွားချင်တာ။ စင်ကာပူလက်မှတ်တောင် ခုရက်ပိုင်း အမြန် ကြိုဝယ်ထားမှ စိတ်ချရမယ်လို့ အေးဂျင့်က ပြောတယ်” ဟု သင်္ကြန်ကာလတွင် ထိုင်းနိုင်ငံ သို့သွားရောက်ရန် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူရန် စုံစမ်းနေသည့် ခရီးသည် တစ်ဦးက ပြောသည်။

COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့် သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို မတ် ၃၁  ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း  COVID- 19 ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ  သတင်းထုတ်ပြန် ချက်အရ သိရသည်။

COVID- 19ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့် သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ်ချက်များ အားလုံးကို ၂၀၂၂ခုနှစ်၊ မတ် ၃၁ ရက်အထိတိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှု နှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့် အစီစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး၊ ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁ရရက် မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များ အတိုင်းပုံမှန်ပြန်လည်ပြေးဆွဲခွင့် ပြု မည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ် များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ( သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိ ပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည် ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် အကူ အညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent