၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၉၇ စင်းဝင်ရောက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်ခဲ့

၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၉၇ စင်းဝင်ရောက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်ခဲ့
ဇန်နဝါရီ ၁၂ ရက်က MITTဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့သည့် MV.Express Argentina ကုန်သေတ္တာတင် သင်္ဘောအားတွေ့ရစဉ်
ဇန်နဝါရီ ၁၂ ရက်က MITTဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့သည့် MV.Express Argentina ကုန်သေတ္တာတင် သင်္ဘောအားတွေ့ရစဉ်
Published 25 March 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်း ၁၃ ခု၏ စုစုပေါင်း ကုန်သေတ္တာတင် သင်္ဘော ၉၇ စီးဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်းအချက်များအရ သိရသည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စီး၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စီးဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်း ကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန် အတွက်လည်းကောင်း ကုန်သေတ္တာတင်

သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှ စတင်ကာ နိုင်ငံတကာကုန်သေတ္တာ နှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှု နှင့် ကုန်သေတ္တာ ဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်ပို့ကုန် လုပ် ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်သေတ္တာတင် သင်္ဘောများအား ၂၀၂၁ ခုနှစ် မေလတွင် Turnaround Time ပျမ်းမျှ သုံးရက်ခန့် ဖြင့် ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

မေလမှစ၍ သင်္ဘောဝင်ရောက်မှု နှင့် ကုန်ကိုင်တွယ်မှုများ ပြန်လည်မြင့်တက်လာခဲ့ ကာ ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမို ကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းပြင် ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်ထိလည်း ကုန်သေတ္တာတင်သင်္ဘော ၄၀ စင်းကျော်အထိ ဝင်ရောက် ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ  Maersk Line Myanmar(Sealand Maersk) သင်္ဘောလိုင်းက ကုန် သေတ္တာတင် သင်္ဘောသစ်သုံးစင်းအား စတင်ပြေးဆွဲခဲ့သည်။

Maersk Line Myanmar က စတင် ပြေးဆွဲခဲ့သည့် သင်္ဘောသစ်များမှာ Maersk Norberg, Maersk Narvik နှင့် Maersk Nesna တို့ဖြစ်သည်။ အဆိုပါသင်္ဘော သုံးစင်း အနက် Maersk Norberg သည် MITT နှင့် MIP ဆိပ်ကမ်းတံတားများတွင် ဆိုက်ကပ် ကုန်တင်ကုန်ချ ပြုလုပ်မည်ဖြစ်ကာ ၂၀၂၁ ဇွန် ၁၀ ရက်က Launching Ceremony အား MIP ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောသစ် သုံးစီးမှာ ကုန်သေ တ္တာ ၁၇၅၀ TEU 21000 မက်ထရစ်တန် (ရေစူး ၉.၅ မီတာ) တင်ဆောင်နိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံစျေးကွက် အတွက် သီးသန့်ရည် ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာတင်သင်္ဘောသစ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equipment လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန် မလိုတော့ဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့် သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့် သတ်ချက်တိုးမြှင့် ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်း နှင့် သီလ ၀ါဆိပ်ကမ်းများသို့ တန်ချိန်သုံးသောင်း အထက်သင်္ဘော ၁၅၂ စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent