ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများနှင့် ပတ်သက်၍ ရွှေနှင့်ငွေကြေး စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြပ်မတ်ဆောင်ရွက်မည်

ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများနှင့် ပတ်သက်၍ ရွှေနှင့်ငွေကြေး စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြပ်မတ်ဆောင်ရွက်မည်
 ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 24 March 2022

ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများ နှင့် ပတ်သက်၍ ရွှေနှင့်ငွေကြေး စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှ ကြပ်မတ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယ ဥက္ကဋ္ဌဦးဆောင်ပြီး သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ တက်ရောက်၍ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လပတ် ဘဏ္ဍာနှစ်ချုပ်ပိတ်လအတွင်း သက်ဆိုင်ရာ အစိုးရဌာနများ၏ ငွေစာရင်းသို့ အခွန်အခများ အချိန်မီရောက်ရှိရေးအတွက် ဘဏ် များအနေဖြင့် CBM-Net ၏ Fund Transfer ကိုအသုံးပြု၍လည်းကောင်း၊ Cheque/Po များ အသုံးပြု၍လည်းကောင်း၊ လွှဲပြောင်းစာရင်းရှင်းလင်းခြင်းနှင့် စပ်လျဉ်း၍ အ ခက်အခဲမရှိ ဆောင်ရွက်နိုင်ရေးအတွက်  မတ် ၂၂ ရက်က ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း ဗဟိုဘဏ်ကသတင်း ထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ ယခုလသည် ဘဏ္ဍာနှစ်ချုပ်ပိတ်လ ဖြစ်သည့်အတွက် နိုင်ငံတော်မှ ရရှိမည့်ဝင်ငွေများဖြစ်သည့် အခွန်အခများအား သက်ဆိုင်ရာအစိုးရဌာန များ၏ ငွေစာရင်းသို့ အချိန်မီရောက်ရှိရေး နှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များအချင်းချင်း  CBM-Net မှ တစ်ဆင့် Fund Transfer နည်းဖြင့် လွှဲပြောင်းမှုများအတွက် ပမာဏများ ကန့်သတ် ထားခြင်းမရှိပါ၍ ဘဏ်များအနေဖြင့် အခွန်ထမ်းပြည်သူများမှ လာရောက်ပေးသွင်း သည့်အခွန်များအား သက်ဆိုင်ရာဘဏ်စာရင်းသို့ Fund Transfer နည်းဖြင့် လွှဲပြော င်းသည့်အခါ အပြည့်အဝေဆောင်ရွက်ပေးရန်၊ အကယ်၍ အခွန်ထမ်းပြည်သူများမှ ပ မာဏကြီးမားသော လွှဲပြောင်းမှုများဖြစ်ပါက ဘဏ်အနေဖြင့် မိမိ၏ Customerနှင့် ညှိ နှိုင်း၍ လွှဲပြောင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ နှစ်ချုပ်ပိတ်လဖြစ်သည့်အတွက် ဘဏ်များအနေဖြင့် မိမိဘဏ်၏ Customer များအား နောက်ဆုံးစာရင်းရှင်းလင်းပေး မည့်နေ့ရက်ကို ကြိုတင်အသိပေးထားရန်   ပြောကြားသည်။

ဆက်လက်၍ ဘဏ်များအနေဖြင့် Po ရောင်းချမှုများတွင် Customer များ၏ Old Account မှဖြစ်စေ၊ New Account မှဖြစ်စေ ရောင်းချပေးရန်၊ စျေးကွက်တွင် ငွေသား ယူစာရင်းပြောင်း၍ PO ဝယ်ယူခြင်းများ၊ ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများနှင့် ပတ်သက်၍ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှ ကြပ်မတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent