ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးနိုင်ရေး ချေးငွေထုတ်ပေးရန် လျှောက်ထားသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ/ လုပ်ငန်း ၈၈၂ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြု

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးနိုင်ရေး ချေးငွေထုတ်ပေးရန် လျှောက်ထားသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ/ လုပ်ငန်း ၈၈၂ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြု
ကိုဗစ်-၁၉ ချေးငွေ လာရောက်လျှောက်ထားသူများကို တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ကိုဗစ်-၁၉ ချေးငွေ လာရောက်လျှောက်ထားသူများကို တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 24 March 2022

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအ ညီပေးအပ်နိုင်ရေးအတွက် ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူ ခွင့်ပြုလိုက်ကြောင်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီက  သတင်းထုတ်ပြန်ချက်(၂/၂၀၂၂)တွင် ဖော် ပြထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ဆုံးဖြတ်ချက်အရ ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုခြင်း ဖြစ်သည်။

အဆိုပါလုပ်ငန်းများတွင် နတ်ဆိုင်းလုပ်ငန်းများ၊ လူရွှင်တော်အဖွဲ့များ၊ ကန္နားစီးဒေဝါ၊ မင်္ဂလာဆိုင်းအဖွဲ့များ၊ ဇာတ်သဘင် အဖွဲ့များစသည်ဖြင့် ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခု ပါဝင်သည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ချက်(၁/၂၀၂၂)တွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ် ချေးငွေခွင့်ပြုပေးရန် စိစစ်အတည်ပြုသည့် ကုမ္ပဏီ/လုပ်ငန်း အချို့မှာ ဖော်အဲဗားဂရု(ပ်) ကုမ္ပဏီလီမိတက်၊ မင်္ဂလာကုမ္ပဏီလီမိတက်၊ ထူးကူး သန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ ရိုင်ရယ်အေ့မီ ဂါကုမ္ပဏီလီမိတက်(Royal Ace Mega Co.,Ltd) ၊ဖော်ကျူးရုပ်သံလွှင့် ကုမ္ပဏီလီမိတက်၊ မွန်းမြန်မာမီဒီယာ ကုမ္ပဏီလီ မိတက်၊ ပါရာဒိုင်ဆိုစီးနီးမား(စ်) ကုမ္ပဏီလီ မိတက်(Paradiso Cin-emas Co.,Ltd ) ၊ အင်(န့်)တီဂရယ်(လ်)အင်တာနေရှင်နယ် လီမိတက်၊ မန္တလေးကြော်ငြာလုပ်ငန်း ကုမ္ပဏီ လီမိတက်၊ ဘိုဘိုအင်(န်)တာတိန်းမန့် မြန်မာဂရု(ပ်)ကုမ္ပဏီ လီမိတက်၊ မိုင်မာတီမီဒီယာဂရု(ပ်) ကုမ္ပဏီလီမိတက်၊ စိန်ဌေးရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၊ ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေး ၊ နိယျာသန ခရီယေးတစ်ကွန်တင့် ကုမ္ပ ဏီလီမိတက်(Niyyayama Creative Content Co.,Ltd )၊ တော်ဝင်မြင့်မိုရ်ကုမ္ပ ဏီ လီမိတက်(Taw win Myint Mo Co.,Ltd) ၊ နှစ်သစ်ဦး ကုမ္ပဏီလီမိတက်(Hnit Thit Oo Co.,Ltd)၊ ရက်(ဒ်)ရေးဒီးယန့် စတူဒီယိုကုမ္ပဏီလီမိတက်၊ မီဒီယာမောကုမ္ပ ဏီလီမိတက် (Media Mall Co.,Ltd) ၊ အမ်- ပေါ့ပ် မြန်မာကုမ္ပဏီ၊အက်ဒီဟုမ်း ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး၊ ပါ၀ါနိုင်း ဗီဒီယိုထုတ်လုပ်ရေး၊ ကျော်နှင်းဆီဗီဒီယို တည်းဖြတ်လုပ် ငန်း၊ ရင်းမ်လိုက်(ဖ်)စတိုင် ကုမ္ပဏီလီမိတက်၊ ဧရာအဆင့်မြင့် ရုပ်ရှင်ရုံအမှတ်(၂)၊ မီကီဝေးမီဒီယာ (Milky Way မီဒီယာ)၊ မြန်မာတယ်လီအေးပက်(စ်) ကုမ္ပဏီ လီမိတက်၊ ရွှေပြည့်စုံရုပ်ရှင် ထုတ်လုပ်ရေး(Shwe Pyi Sone Film Production) စသည် တို့ဖြစ်ကြောင်း သိရသည်။

ချေးငွေလျှောက်လွှာများကို ဆက်လက် စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နှင့် ချေးငွေထုတ်ယူခွင့် ရရှိသူများအနေဖြင့် ဘဏ်လုပ်ထုံးလုပ်နည်းများ နှင့် အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

COVID-19 ကြောင့် ထိခိုက်မှုရှိနေသော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းများ နှင့် မီဒီယာများကို အတိုးနှုန်းတစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ကိုဗစ်- ၁၉ ရန်ပုံငွေမှကျပ် ၁၅ ဘီလျံ ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် ချေးငွေများလျှောက် ထားနိုင်ကြောင်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီက ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါချေးငွေများကို (၁)ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံ၊ အသံလွှင့်စသည်တို့ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ ပြသခြင်းဆောင်ရွက်သည့် လုပ်ငန်းများ၊ (၂)တေးဂီတဝိုင်း များ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ (၃)ဇာတ်သဘင်၊ အငြိမ်ဖျော်ဖြေမှုလုပ်ငန်းများ၊ (၄)စာနယ်ဇင်းပုံနှိပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း ဆောင်ရွက်သည့်လုပ်ငန်းများတွင် အကျုံးဝင်ကိုက်ညီသော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို ချေးယူခွင့်ပြုမည်ဟုသိရသည်။

 

 

Most Read

Most Recent