ဆိုင်ကလုန်းမုန်တိုင်း Asani ကြောင့် MAI နှင့် Air KBZ မှ ပျံသန်းနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲခရီးစဉ်များ ဖျက်သိမ်း

ဆိုင်ကလုန်းမုန်တိုင်း Asani ကြောင့် MAI နှင့် Air KBZ မှ ပျံသန်းနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲခရီးစဉ်များ ဖျက်သိမ်း
MAI လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအားတွေ့ရစဉ်
MAI လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအားတွေ့ရစဉ်
Published 21 March 2022

ဆိုင်ကလုန်းမုန်တိုင်း Asani ကြောင့် MAI နှင့် Air KBZ မှ ပျံသန်းနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲခရီးစဉ်တို့ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။                   

MAI နှင့် Air KBZ လေကြောင်းလိုင်းအား စီးနင်းလိုက်ပါသည့် ခရီးသည်များအနေဖြင့် Sky Deals Partners ၆၀ ကျော်ထံတွင် အထူးသီးသန့် အကျိုးခံစားခွင့်များနှင့် လျှော့စျေးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

MAI နှင့် Air KBZ ၏ မိတ်ဖက်ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ Healthcare & Lifestyle partner များထံတွင် MAI နှင့် Air KBZ ၏ ပြည်တွင်းခရီးစဉ် Bording Pass အား ပြသရုံဖြင့် ၄၀ ရာခိုင်နှုန်းအထိ လျှော့စျေးများ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါဟိုတယ်များ၊ ဆိုင်များမှ ဧည့်သည်များသည်လည်း ဟိုတယ် Booking confirmation သို့မဟုတ် ငွေပေးချေထားသော ဘောင်ချာကို ပြသ၍ MAI နှင့် Air KBZ ၏ ပြည်တွင်းခရီးစဉ်လက်မှတ်များ ဝယ်ယူရာတွင် လက်မှတ်၏  အခြေခံစျေးနှုန်းများပေါ်တွင် ၁၀ ရာခိုင်နှုန်းအထိ လျှော့စျေးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို မတ် ၃၁  ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း  COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များအားလုံးကို ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ( သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)  အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံးမြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူ အညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်ထားခြင်းအား ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး၊ ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁ရရက်မှ စတင်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent