၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်း ပင်လယ်ရေကြောင်း မှတစ်ဆင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်းခန့်တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၃၃၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်း ပင်လယ်ရေကြောင်း မှတစ်ဆင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်းခန့်တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၃၃၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်
 ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
Published 19 March 2022

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်း မှတဆင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်းခန့်တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၃၃၀၀၀ ကျော် ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် တစ်သိန်းခန့်တင်ပို့မှု မှ ဒေါ်လာ ၃၃သန်းခန့် ရရှိခဲ့သည်။ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ တန်ချိန် ၄၁၈၀၀ ကျော်၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၃၅၃၀၀ ခန့်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ တန်ချိန်၂၂၃၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်ဝယ်ယူသော နိုင်ငံစာရင်းများအနေဖြင့် ဂီနီနိုင်ငံသို့ ဆန်တန်ချိန် ၂၀၀၀၀ ခန့်၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၁၅၃၀၀ ခန့်၊ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၈၃၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၃၃၀၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ ခန့်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၃၀၀ ခန့်၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၅၀ ခန့်၊ အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သော စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၇၀၀၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၈၀၀ ကျော်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၀ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၅၅၀ ခန့်နှင့် ဂျာမနီနိုင်ငံသို့တန်ချိန် ၃၅၀ ခန့်နှင့် အခြားနိုင်ငံများသို့လည်း တင်ပို့ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိအတွင်း မြန်မာတရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု တန်ချိန် ၁၁၀၀၀ ကျော်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၁၅ တန်ခန့်ဖြင့် စုစုပေါင်း နယ်စပ်လမ်းကြောင်းမှ ဆန်တင်ပို့မှုတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၅၄၅ သန်းခန့် ရရှိခဲ့သည်။ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုတန်ချိန် ၁၁၀၆၀၀ ကျော်၊ တန်ဖိုး ဒေါ်လာ ၃၆ ဒသမ ၅၄၅ သန်းကျော်ရရှိခဲ့သည်။

ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်ကွဲတန်ချိန် ၇၅၀၀၀ ကျော် တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၂၂ ဒသမ ၇၉၁ သန်းကျော် ရရှိခဲ့သည်။ ဆန်ကွဲတင်ပို့မှု အများဆုံးနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၈၆၀၀ ကျော်၊ အင်ဒိုနီးရှားနိုင် ငံသို့ ဆန်ကွဲတန်ချိန် ၃၃၁၀ ခန့်၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၈၇၀ ကျော် နှင့် စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၀၀၀ ခန့် တင်ပို့ခဲ့သည်။ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲတန်ချိန် ၄၀၀၀ ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ဆန်ကွဲတန်ချိန် ၁၇၀၀ ကျော်၊ စုစုပေါင်း နယ်စပ်မှဆန်ကွဲတန်ချိန် ၆၀၀၀ ခန့်တင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၇၈၁ သန်းကျော် ရရှိခဲ့သည်။ ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ဆန်ကွဲတန်ချိန် ၈၀၀၀၀ ကျော်၊ ဒေါ်လာသန်း ၂၄ ဒသမ ၅၇၂ ခန့် ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ဆန်နှင့်ဆန် ကွဲတန်ချိန် ၁၉၁၆၀၀ ကျော်တင်ပို့ခဲ့မှုမှ တန်ဖိုး ဒေါ်လာ ၆၁ ဒသမ ၁၁၇ သန်းရရှိခဲ့ ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ် လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  ဌာနမှသိရသည်။

Most Read

Most Recent