၂၀၂၁-၂၀၂၂  (Mini Budget) ငါးလကျော်အတွင်း ပင်လယ်ရေကြောင်း နှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၇၈၃၀၅၁ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၆၀၈ ဒသမ ၉၀၇ သန်းရရှိ

၂၀၂၁-၂၀၂၂  (Mini Budget) ငါးလကျော်အတွင်း ပင်လယ်ရေကြောင်း နှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၇၈၃၀၅၁ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၆၀၈ ဒသမ ၉၀၇ သန်းရရှိ
တောင်သူများ၏ ပဲစိုက်ခင်းတစ်ခုကို တွေ့ရစဉ်
တောင်သူများ၏ ပဲစိုက်ခင်းတစ်ခုကို တွေ့ရစဉ်
Published 18 March 2022

၂၀၂၁-၂၀၂၂ (Mini Budget) အောက်တိုဘာ ၁ ရက်မှ မတ် ၄ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတဆင့် ပြည်ပသို့ ပဲမျိုးစုံ ၇၈၃၀၅၁ တန်ကျော် တင်ပို့မှု မှ ဒေါ်လာ ၆၀၈  ဒသမ ၉၀၇ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၄ ရက်အထိ ပင်လယ်ရေ ကြောင်းမှ ၇၃၀၇၅၂  ဒသမ ၂၁၂  တန်တင်ပို့မှုမှ ဒေါ်လာ ၅၆၅ ဒသမ ၉၇၈ သန်း၊ နယ်စပ်မှ  ၅၂၂၉၉  ဒသမ ၅၉ဝတန် တင်ပို့မှုမှဒေါ်လာ ၄၂ ဒသမ ၉၂၉ သန်းဖြင့် စုစုပေါင်းတန်ချိန် ၇၈၃၀၅၁ ဒသမ ၈၀၂ တန်တင်ပို့မှုမှ ဒေါ်လာ ၆၀၈ ဒသမ၉၀၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်မှတဆင့် ပြည်ပသို့ ပဲမျိုး စုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲ မျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်း မှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော်တင် ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ်သောင်း သုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင် ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ သည်။

တစ်နှစ်အတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့မှုမှဒေါ်လာသန်း ၃၀၀ နီးပါးရရှိခဲ့ပြီး ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာ၌ မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၅၈ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ ဒသမ ၆၇ သန်း၊ ပဲစင်းငုံတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၂၉ သန်း၊ ကုလားပဲတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၃၇ သန်း၊ ပဲလွန်းတင်ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၈ သန်း၊ ထောပတ်ပဲတင်ပို့မှုမှဒေါ်လာ ၂၀ ဒသမ ၉၈ သန်း၊ မြေထောက်ပဲတင်ပို့မှုမှ ဒေါ် လာ ၁၄ ဒသမ ၁၉ သန်း၊အခြားပဲများ တင်ပို့မှု မှ ဒေါ်လာ ၆၄ ဒသမ ၅၅ သန်းရရှိခဲ့သည်။

တစ်နှစ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် ပြည်ပသို့ပဲအမျိုးမျိုး တင်ပို့မှုမှ ဒေါ်လာသန်း ၇၇၀ ကျော်ရရှိခဲ့ ပြီး မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၄၃၆ သန်း ကျော်နှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၂၄ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ တစ်နှစ်အတွင်း ပင် လယ်ရေကြောင်းကုန်သွယ်မှု မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင် တန်ချိန်အား ဖြင့် ၁၀၄၄ တန်တင်ပို့မှုမှဒေါ်လာ ၇၇၀ ဒသမ ၄၄ သန်းရရှိခဲ့သည်။ ယင်းအနက် မတ်ပဲတန် ချိန် ၅၉၅ ဒသမ ၈ တန်တင်ပို့ခဲ့မှုမှ ဒေါ်လာ ၄၃၆  ဒသမ ၉၈ သန်း၊ ပဲတီစိမ်း တန်ချိန်၂၆၃ ဒသမ ၆ တန်တင်ပို့မှုမှဒေါ်လာ  ၂၂၄ ဒသမ ၀၁ သန်းရရှိခဲ့သည်။

ပဲစင်းငုံတန်ချိန် ၅၃ ဒသမ ၂ တင်ပို့မှု မှ ဒေါ်လာ၂၉ ဒသမ ၇၉ သန်း၊ ကုလားပဲတန်ချိန် ၂၂ ဒသမ ၇ တန်တင်ပို့မှုမှ ဒေါ်လာ ၁၂ ဒသမ ၈၀ သန်း၊ ပဲလွန်း၂၅ ဒသမ ၂ တန် တင်ပို့မှုမှ ဒေါ်လာ ၁၅ ဒသမ ၆၃ သန်း၊ ထောပတ်ပဲ ၂၅ ဒသမ ၂ တန်တင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၂၄ သန်း၊ မြေထောက်ပဲ ၂၃ ဒသမ ၂ တန်တင်ပို့မှုမှ ဒေါ်လာ ၁၉ ဒသမ ၁၂ သန်း၊ အခြားပဲများ တန်ချိန် ၃၅ ဒသမ ၁ တန်တင်ပို့မှုမှ ဒေါ်လာ ၁၇ ဒသမ ၈၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။