ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၈ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများနှင့် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၀၅၀ ဝန်းကျင်ဖြင့် ရောင်းချနေ

ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၈ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများနှင့် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၀၅၀ ဝန်းကျင်ဖြင့် ရောင်းချနေ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
Published 18 March 2022

၂၀၂၂ခုနှစ်၊ မတ်လ ၁၈ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၉ ပွိုင့်ဝန်း ကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်ရှိနေသော်လည်း ငွေလဲ ကောင်တာများနှင့် ပြင်ပစျေးကွက်တွင် တစ် ဒေါ်လာ ကျပ် ၂၀၅၀ ဝန်းကျင်ဖြင့် ရောင်း ချနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ် သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၈၆ကျော်ဝန်းကျင်သို့ ရောက်ရှိနေသော် လည်း ငွေလဲကောင်တာအများစုတွင် ဒေါ် လာရောင်းချရာတွင် တစ်ဒေါ်လာ ကျပ် ၂၀၅၀ ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလ ကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများ အရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ် က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်က လအလိုက် ဒေါ်လာ ရောင်းချခဲ့မှုအ နေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊မတ်လတွင် ရောင်းချမှုမရှိ ခဲ့ပေ။ ဧပြီ လတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ် လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ် လတွင်ဒေါ်လာ  ၂၈ သန်း၊ စက်တင်ဘာ လတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလ တွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင်ဒေါ် လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈သန်းဖြင့် စုစုပေါင် းဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာ လအထိ လအလိုက် ရောင်းဝယ်မှုပမာဏများ မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင် ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ် လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်တွင် ဖြစ်ပေါ်သော အ ခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်း ထားများမှာ ယူရို ၂၁၆ဝကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄၆၀၊ ထိုင်းဘတ် ၆၀.၃ကျပ်၊ တရုတ်ယွမ် ၃၁၂ ကျပ်၊ ဂျပန်ယန်း ၁၇.၉၀ ကျပ်တို့ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေ လံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချ မှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက် များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer –AD) ရ ဘဏ်များ ဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်း ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ရောင်း ခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent