၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၁ ရာခိုင်နှုန်းကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၂၁ ရာခိုင်နှုန်းကျော်ရှိခဲ့

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၁ ရာခိုင်နှုန်းကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၂၁ ရာခိုင်နှုန်းကျော်ရှိခဲ့
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 17 March 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၁ ရာခိုင်နှုန်းကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၂၁ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံးတင်ပို့ ခဲ့သည့်နိုင်ငံများမှာ တရုတ်၊ထိုင်း၊အိန္ဒိယ၊ ဂျပန်နှင့်အမေရိကန်တို့ ဖြစ်ကြောင်းလည်း သိ ရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ငါးလကျော်အတွင်း  မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃ ဒသမ ၃၇၁ ဘီလျံကျော်ရရှိပြီး ယခင်နှစ် ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၅၇၄ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရ သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၄ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃ ဒသမ ၃၇၁ ဘီလျံသာရှိသည်။ ယခင်နှစ် ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃ ဒသမ ၉၄၅ ဘီလျံအထိ ရှိသည်။ သို့ဖြစ်ရာ လက်ရှိဘဏ္ဍာနှစ် မတ် ၄ ရက်အထိမှာ မြန်မာနိုင်ငံ၏ ကုန် သွယ်မှုပမာဏသည် ယခင်နှစ်ကာတူထက် ဒေါ်လာ ၅၇၄ ဒသမ ၂၉၄ သန်း လျော့ကျခဲ့ ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၂၇ ကျော်လျော့ကျခဲ့ပြီး သွင်းကုန်တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၄၇ သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း၊ လူ သုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ၉၀၆၈ ဒသမ ၉၁၄ သန်း ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ၈၇၈ သန်း၊ သွင်းကုန် ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်း ကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်း ကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်း ကဏ္ဍ၊ သစ်တောထွက်ပစ္စည်း ကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ် ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အ သွေး စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှု ကဏ္ဍ ၊တီထွင် ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍ စသည်တို့ ပါဝင်ကြောင်း သိရ သည်။