လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၂၀၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဒုတိယနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် တတိယအများဆုံး ဝင်ရောက်

လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၂၀၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဒုတိယနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် တတိယအများဆုံး ဝင်ရောက်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 17 March 2022

လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝန်ဆောင်မှု ကဏ္ဍတွင် ဒေါ်လာ ၂၀၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒုတိ ယနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် တတိယအများဆုံး ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍတွင် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၅ ဒသမ ၀၄၃ သန်း၊ မွေးမြူရေးနှင့်ငါး လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၁၉ ဒသမ ၃၅၀ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၁၃၈ ဒသမ ၆၃၇ သန်း၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၂၀ ဒသမ ၅၈၄ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ် လာ ၆၅ သန်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၄၅ ဒသမ ၆ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာ  ၃၀ ဒသမ ၄၉၇ သန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင်  ဒေါ်လာ ၂၀၆ ဒသမ ၀၆၄ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၃၀ ဒသမ ၇၇၅ သန်း ဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍ တွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၇၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်ပြု လုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခုရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်းခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း လေးခုကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီး မြှုပ်နှံမှု ကော်မတီများက အတည်ပြုလုပ်ငန်း ၂၂ ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်း များက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၃၉၅၆ ဦး ကို ဖန်တီးပေးခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁  ဒသမ ၃၂၃ သန်းဖြင့် အများဆုံးဖြစ်ပြီး စက်မှု ကဏ္ဍတွင် ဒေါ်လာ ၂၈၆ ဒသမ ၀၂၃သန်းဖြင့် ဒုတိယ အများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃  ဒသမ ၅၀၀ သန်းဖြင့် တတိယအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်ကဏ္ဍများမှ အခြားဝန်ဆောင်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊  စိုက်ပျိုးရေးကဏ္ဍနှင့် အိမ်ရာအ ဆောက်အအုံ တည်ဆောက်မှုကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းတစ်ခု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၁၀၂ ဒသမ ၀၆၃ သန်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ  ၃၈၉၃ ဒသမ ၄၆၁ သန်းဖြစ်သည်။

 

 

Most Read

Most Recent