လက်ရှိဘဏ္ဍာနှစ် မတ် ၄ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၁ သန်းကျော်ရရှိခဲ့ပြီး  ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် မတ် ၄ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၁ သန်းကျော်ရရှိခဲ့ပြီး  ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော် ပိုမိုရရှိ
Published 16 March 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  အောက်တိုဘာ ၁ ရက်မှ မတ် ၄ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၁ ဒသမ ၀၂၉ သန်းရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၄ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၇၁  ဒသမ ၀၂၉ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင် သစ်တောထွက်ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၅၆ ဒသမ ၈၇၈ သန်းအထိရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် မတ် ၄ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ ဒသမ ၁၅၁ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ တင်ပို့နေခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံကျော်သာရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၇ ဒသမ ၁၄၆ ဘီလျံကျော် ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း (၁၄ ဒသမ ၉၂၇ ဘီလျံ)၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလျံ) ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ) ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၆၇၃၁ ဒသမ ၉၄၂ သန်းရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ယခင်ဘဏ္ဍာနှစ်ထက် ပို့ကုန်ကဏ္ဍတွင် ဒေါ်လာ ၂၇၅၄ ဒသမ ၀၂၂ သန်း၊ သွင်းကုန်ကဏ္ဍ၌ ဒေါ်လာ ၄၃၉၂ ဒသမ ၇၇၁ သန်းလျော့ကျခဲ့ပြီး ကုန်သွယ်မှုပမာဏတွင် ဒေါ်လာ ၇၁၄၆ ဒသမ ၇၉၃ သန်းလျော့ကျခဲ့ခြင်းဖြစ်သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

Most Read

Most Recent