ချမ်းမြသာစည်မြို့နယ်တွင် မော်တော်ယာဉ်များကိုစစ်ဆေးမှုပြုလုပ်နေသော ယာဉ်ထိန်းတပ်ဖွဲ့အား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခံရပြီး  လေးဦးဒဏ်ရာရရှိ

ချမ်းမြသာစည်မြို့နယ်တွင် မော်တော်ယာဉ်များကိုစစ်ဆေးမှုပြုလုပ်နေသော ယာဉ်ထိန်းတပ်ဖွဲ့အား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခံရပြီး  လေးဦးဒဏ်ရာရရှိ
Published 14 March 2022

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မော်တော်ယာဉ်များကို စစ်ဆေးမှုပြုလုပ် နေသော ယာဉ်ထိန်းတပ်ဖွဲ့အား မတ် ၁၄ ရက် နံနက် ၁၁ နာရီခန့်က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်မှုကြောင့် လေးဦးဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်း (၁၁ဝလမ်း)နှင့် ၆၁လမ်းဆုံတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ပါသောအဖွဲ့ပေါင်းစုံမှ မော်တော် ယာဉ်များကို စစ်ဆေးမှုများပြုလုပ်စဉ် ထရပ် ကာဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားနှစ်ဦးအနက် နောက်မှထိုင်လိုက်လာသူ အ မျိုးသားကလက်လုပ်မိုင်းဖြင့်ပစ်ပေါက် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ပစ်ပေါက်လိုက်သော လက် လုပ်မိုင်းမှာ သိပ္ပံလမ်းပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ရာ မော်တော်ယာဉ်စစ်ဆေးမှုများ ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင်အပါဝင် လေးဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ အရပ်သားတစ်ဦး၊ တက္ကစီမောင်း နှင်သူတစ်ဦး စုစုပေါင်းလေးဦးတို့သည် လက်မောင်း၊ ပေါင်ရင်း၊ လည်ဂုတ်၊ တင်ပါး၊ ရင်အုံစသည့်နေရာအသီးသီးတို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဆေးကုသမှုခံယူ လျက်ရှိကာ အသက်အန္တရာယ်စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် အထက်ပါကဲ့သို့ မော် တော်ယာဉ်စစ်ဆေးနေသည့်အဖွဲ့အား ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုမှာ ယခုနှစ်ဆန်းပိုင်း အတွင်းသုံးကြိမ်ရှိပြီဖြစ်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်  တောင်မြင့် ရပ်ကွက် ၇၈လမ်း (ရန်ကုန် -မန္တလေးလမ်း)လမ်းဘေး၊၁၃၄လမ်း ရတနာပုံ မီးပွိုင့်တွင်  မြို့နယ်ရဲတပ်ဖွဲ့မှူးပါဝင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး စသည့် ပူး ပေါင်းအဖွဲ့ပေါင်းစုံမှ မော်တော် ယာဉ် များကို စစ်ဆေးအရေးယူမှုများပြုလုပ်နေစဉ် ဆိုင် ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင့် ရဲတပ်ဖွဲ့ဝင်အပါအဝင် ၁၁ ဦးခန့် ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

အလားတူ မတ် ၂ ရက်ကလည်း မန္တလေး မြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီ ကုန်းရပ်ကွက် ၁၁၇ လမ်း နှင့် ၇၈ လမ်း(ရန်-မန်း)လမ်းဟောင်းတွင် ရဲတပ်ဖွဲ့ပါဝင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မော်တော်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် လူစုခွဲချိန် တွင် အမည်မသိအမျိုး သားနှစ်ဦး ဆိုင်ကယ် ဖြင့်လာရောက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့များ စီးနင်းလာသော ကားဘေး သို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးတွင် ဒူးခေါင်း၊ ပေါင်ဖောက်ထွက်ဒဏ် ရာများရရှိခြင်း၊ မေးစေ့မှ လျှာထိပေါက်ထွက် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းတို့၏ကားမှာ လည်း ဗုံးစထိမှန်ပြီး ဘီးများပေါက်ခြင်း၊ မှန် များကွဲခြင်းစသည့် ပျက်စီးထိခိုက်မှုများဖြစ် ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent