တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေး Myancopharm ကို မြန်မာ့ဆေးဝါးက ထုတ်လုပ်

တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေး Myancopharm ကို မြန်မာ့ဆေးဝါးက ထုတ်လုပ်
Published 14 March 2022

တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေး Myancopharm ကို မြန်မာ့ဆေးဝါးက ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ်ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံမှ Sinopharm CNBG ဆေးဝါးစက်ရုံနှင့် ပူးပေါင်းကာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ မြွေဆိပ် ဖြေဆေး နှင့် အခြားကာကွယ်ဆေးများကို ထုတ်လုပ်ထားသည့် အခြေခံစက်များ ရှိသဖြင့် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရန် အခြေအနေရှိသည်ဟု CNBG က  အကြောင်းပြန်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ ကိစ္စရပ်များဆက်လက်ဆွေးနွေးညှိနှိုင်းရန်အတွက် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ လျှို့ဝှက်ချက်ထိန်းသိမ်းမှုသေဘာတူစာချုပ် (Non Disclosure Agreement)အား ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။    

ထို့ပြင် ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို လွှဲပြောင်းရုံသာမကတရုတ်နိုင်ငံမှ ပညာရှင်နှစ်ဦးလာရောက်ကာ ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို သင်ကြားလေ့ကျင့်ပေးခြင်းနှင့်ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေး “Myanco[1]pharm” တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင်ကြောင်း သိရသည်။

Most Read

Most Recent