ကမ္ဘာ့ရွှေဈေး ၁၉၈၅ ဒေါ်လာ ၀န်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၉၈၈၀၀၀ ၀န်းကျင်သို့ ရောက်ရှိ

ကမ္ဘာ့ရွှေဈေး ၁၉၈၅ ဒေါ်လာ ၀န်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၉၈၈၀၀၀ ၀န်းကျင်သို့ ရောက်ရှိ
Published 12 March 2022

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၇၃၃ ဒေါ်လာဝန်းကျင်ရှိပြီးကျပ် ၂၂၅၀၀၀၀ ၀န်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့သည့်  ပြည်တွင်းရွှေဈေးနှုန်းမှာ မတ် ၁၂ ရက်တွင် ကျပ် ၁၉၈၈၀၀၀ ၀န်းကျင်သို့ရောက်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

မတ် ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း အနေဖြင့် ၁၆ ပဲရည် အခေါက်ရွှေဈေးနှုန်းမှာ ၁၉၈၈၀၀၀ ၀န်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးနှုန်းမှာ ကျပ် ၁၈၇၁၀၀၀ ၀န်းကျင် ရှိခဲ့သည်။

အောက်တိုဘာ ၃၀  ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၇၈၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေဈေးနှုန်းမှာ  ကျပ် ၁၇၇၈၀၀၀ ၀န်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးမှာ ကျပ် ၁၆၇၃၅၀၀ ၀န်းကျင်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်ဈေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန် တင်ဈေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေဈေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ နှင့် စက်တင်ဘာလအတွင်း ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

 

Most Read

Most Recent