POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A 1 ရှိ  Shew Phase 2 Development Project အတွက် Offshore Installation Activities လုပ်ငန်းများ ဆောင်ရွက်မည်

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A 1 ရှိ  Shew Phase 2 Development Project အတွက် Offshore Installation Activities လုပ်ငန်းများ ဆောင်ရွက်မည်
POSCO International ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(Photo-Posco International)
POSCO International ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(Photo-Posco International)
Published 11 March 2022

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A 1 ရှိ Shew Phase 2 Development Project  အတွက် Offshore Installation Activities လုပ်ငန်းများ ဧပြီ ၂၇ ရက်မှ မေ ၃၁  ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း  သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation(Myanmar E&P)သည် ကမ်းလွန် လုပ်ကွက်အမှတ်(A-1) တွင် Shew Phase 2 Development Project  အရ Offshore Installation Activities လုပ်ငန်းများအား Offshore Construction Vessel “TELFORD 25” ဖြင့် ဆောင်ရွက်မည့် တည်နေရာများကို ထုတ်ပြန်ထားသည်။

         

သို့ဖြစ်ရာ A-1 တွင် Shew Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်တည် နေရာများမှ လေးကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေး ချက်ထုတ်ပြန်ထား၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း သွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိ စေရန် ရေကြောင်းသတိပေးချက်လည်း  ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

POSCO က ကမ်းလွန်လုပ်ကွက်အ မှတ် A3 တွင်  Shew Phase 2 Exploration Project  အတွက် Drilling Campaign လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် မှ ဇူလိုင် ၃၀ ရက်အထိ ဆောင်ရွက်မည် ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။

POSCO က ကမ်းလွန်လုပ်ကွက်အ မှတ် A3 တွင်  Shase 2 ExploratShew Pion Project  အတွက် တူးဖော်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ မှ ဧပြီ ၁၅ ရက် အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသော POSCO International Corporation(Myanmar E&P)သည် ကမ်းလွန် လုပ်ကွက်အမှတ် (A-3)တွင် Shase 2 ExploratShew Pion Project အတွက် တွင်းတူး ဖော်ရေးလုပ်ငန်းများအား  Semi-Submersible Rig“Deepwater NAUTILUS” (Call Sign:D5 UE8) ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၁၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာ့ကမ်းလွန်လုပ်ကွက် A 3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၃၈ သန်းထွက်ရှိမည့် ရေနံဓာတ်ငွေ့သိုက်အသစ် “မဟာ”ကိုတွေ့ရှိခဲ့ကြောင်း Posco International က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Posco သည် မြန်မာနိုင်ငံအတွင်း တူးဖော်ထုတ်လုပ်နေသည့်  သဘာဝဓာတ်ငွေ့ လုပ်ကွက်အနီးဝန်းကျင်တွင် နောက်ထပ် ဓာတ်ငွေ့သိုက် အသစ် “မဟာ”  ကို ထပ်မံတွေ့ရှိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ထုတ်လုပ်မှုစမ်းသပ်ချက်အရ မဟာ ဓာတ်ငွေ့သိုက်တွင် တစ်ရက်လျှင် ကုဗပေ ၃၈ သန်းထွက်ရှိပြီး သဲကြော အသားတင် အထူ မှာ ၁၂ မီတာရှိသည်။        

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် မြ ဓာတ်ငွေ့သိုက်မှ ထုတ်လုပ်နေပြီး ယခု မြ ဓာတ်ငွေ့သိုက် ၏အနောက်တောင်ဘက် ရေနက်ပိုင်းတွင် ဓာတ်ငွေ့သိုက်အသစ် ထပ်မံတွေ့ရှိခြင်းဖြစ်သည်။ လုပ်ကွက် A-3  လုပ်ငန်းများတွင် Posco ၊ MOGE ၊ ONGS ၊ GAIL ၊ KOGAS တို့ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။

မဟာဓာတ်ငွေ့ သိုက်အသစ်သည် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းမီ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့စမ်း သပ်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ပြီး တည်ဆောက် ရေးကာလတို တောင်းနိုင်သည့် အားသာချက်များ ရှိနေသည်။

မြန်မာနိုင်ငံသည်  Posco ၏ စီးပွားရေး အချက်အချာနေရာတစ်ခုဖြစ်ပြီး လက်ရှိသ ဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုဖြစ်သော ရွှေ (A-1) နှင့် (မြ A-3)လုပ်ငန်းလည်ပတ် လျက်ရှိသည်။ ယင်းလုပ်ကွက်များမှထွက်ရှိ သော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိ သည်။ Posco သည် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစုအမြတ်ငွေ ဝမ် ၆၅၀ ဒသမ ၃ ဘီလျံ (ဒေါ်လာ ၅၄၉ ဒသမ ၈၄ သန်း)ရရှိခဲ့ ကြောင်း သိရသည်။

 

 

Most Read

Most Recent