စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ရန်ကုန်မြို့အခြေစိုက်လူမှုကူညီရေးပရဟိတအသင်းအချို့ ရပ်နားရခြင်းများရှိလာပြီး လည် ပတ်နေသည့်အသင်းများမှာလည်း စက်သုံး ဆီအတွက် အလှူခံနေရကြောင်း ရန်ကုန်မြို့ အခြေစိုက်ပရဟိတအသင်းများထံမှ သိရ သည်။
“ဒီလထဲမှာပဲ ရပ်နားသွားတဲ့အသင်းတွေ ရှိတယ်။ အဲဒါကြောင့် ကိုယ့်မြို့နယ်အသင်း လေးတွေကို ထောက်ကူကြဖို့ အကူအညီ တောင်းလိုပါတယ်” ဟု ရှင်သန်ရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောကြား သည်။
အပြီးရပ်နားလိုက်ရခြင်း၊ ယာယီရပ်နားရ ခြင်းများရှိလာသည့် ပရဟိတအသင်းများရှိနေ သဖြင့် ဆက်လက်လည်ပတ်နေသည့် မြို့နယ် အခြေစိုက် ပရဟိတအသင်းများကို အကူအ ညီပေးရန် လိုအပ်လျက်ရှိကြောင်း၊ အသင်း များ ရပ်တည်ရန်ခက်ခဲလာရသည့် အဓိကအ ကြောင်းရင်းမှာ စက်သုံးဆီစျေးမြင့်တက်မှု ကြောင့် ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆက် လက်ပြောကြားသည်။
“ခါတိုင်းဆို စက်သုံးဆီက တစ်လီတာမှ လေးငါးရာပေါ့။ တစ်ဂါလံမှ နှစ်ထောင်၊ နှစ် ထောင့်ငါးရာပေါ့။ ပြီးခဲ့တဲ့နှစ်အထိ ကျွန်တော် တို့အသင်းဆိုရင် အရင်တုန်းက ရေအလှူကို အခမဲ့အကူအညီပေးနိုင်တယ်။ ဒီနှစ်ကျတော့ ဆီစျေးက တအားတက်လာတော့ စရိတ်မျှပေး စနစ်နဲ့ လုပ်လိုက်ရတယ်။ ကျွန်တော်တို့ ရေ ကားက ဂါလံ ၃၂၀၀ ဆံ့တယ်။ အဲ့ဒီကားတွေ ထွက်ရင် ခန့်မှန်းခြေ လေးဂါလံခွဲ၊ ငါးဂါလံ လောက်ကုန်တယ်။ နောက်ပြီး ရေစုပ်စက်နဲ့ တွန်းပြီးတော့မှတင်ရတော့ ဓာတ်ဆီက တစ်ဂါ လံလောက်ကုန်တယ်။ အားလုံးပေါင်းရင် ငါး ဂါလံခွဲလောက်ကုန်တယ်။ အဲဒီအတွက် တတ် နိုင်သမျှ စရိတ်မျှပေးလုပ်ခိုင်းရတယ်။ တအား နွမ်းပါးတဲ့လမ်းတွေဆိုရင်တော့ အခမဲ့ပေး တယ်။ နည်းနည်းပြေလည်တဲ့လမ်းတွေဆိုရင် တော့ တတ်နိုင်သမျှ ကူညီကြဖို့ အလှူခံရတာ ပေါ့။ တစ်ရက်ကို ဂါလံ ၃၂၀၀ ကားက လေးငါး ခေါက်သွားရတယ်။ နှစ်စီးဆိုတော့ ဆယ် ခေါက်လောက်သွားရတယ်။ တစ်ခေါက်သွား ရင် ငါးသောင်းခွဲ ခြောက်သောင်းလောက်ကျ တယ်။ တစ်ရက်ကို ခြောက်သိန်းလောက်ကျ တော့ နေ့တိုင်းလည်း မကူနိုင်ဘူးဖြစ်နေတယ်” ဟု ဦးထွန်းထွန်းဦးက ပြောကြားသည်။
စက်သုံးဆီစျေးနှုန်းများမှာ မတ် ၁၀ ရက် တွင် ၉၂ တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ် လီတာ ၂၄၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာလျှင် ၂၄၂၀ ကျပ်ဖြစ်ကြောင်း စျေးကွက် အတွင်းမှ သိရသည်။















