ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းကို တစ်ဆင့်မြှင့်ကြိတ်ခွဲ ထုတ်လုပ်ထားသည့် ပစ္စည်းများပါဝင်သည့် ကုန်စည်လိုင်းများ ဧပြီ ၁ ရက်မှစ၍ ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်

ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းကို တစ်ဆင့်မြှင့်ကြိတ်ခွဲ ထုတ်လုပ်ထားသည့် ပစ္စည်းများပါဝင်သည့် ကုန်စည်လိုင်းများ ဧပြီ ၁ ရက်မှစ၍ ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်
မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆန်များကို  ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရန် ပြင်ဆင်နေမှုကို ယခင်နှစ်အတွင်းက တွေ့ရစဉ်
မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆန်များကို  ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရန် ပြင်ဆင်နေမှုကို ယခင်နှစ်အတွင်းက တွေ့ရစဉ်
Published 10 March 2022

ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းအားတစ်ဆင့် မြှင့်ကြိတ်ခွဲထုတ်လုပ်ထားသည့် ပစ္စည်းများပါဝင်သည့် ကုန်စည်လိုင်းများက၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပို့ကုန်လိုင်စင်လျှောက်ထား ရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် မတ် ၉ ရက်က ကုန်သွယ်ရေးဦးစီး ဌာနက ထုတ်ပြန်လိုက်သည်။

ပြည်ပသို့တင်ပို့သည့် ကုန်စည်လိုင်းများ နှင့်စပ်လျဉ်း၍ ပို့ကုန်လိုင်စင်လျှောက်ထား ရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထပ်တိုးသတ်မှတ်ထုတ်ပြန်ခြင်းကို စီးပွားရေး နှင့် ကူးသန်းရောငး်ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန် နှင့်ပတ်သက်သည့် သတင်းလွှာ(၃/၂၀၂၂) ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

ပြည်ပသို့တင်ပို့သည့် ကုန်စည်အချို့ကို နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်ရန်ရည်ရွယ်လျက် H.S Code 6 Digit ဖြင့် ကုန်စည် ၇၇၈ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၁၂၂၄ လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများ အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) ဖြင့် သတ်မှတ်ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းအား တစ်ဆင့်မြှင့် ကြိတ်ခွဲထုတ်လုပ်ထား သည့်ပစ္စည်းများ ပါဝင်သည့် ပူးတွဲပါ 2017 Customs Tariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၁၁ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၁၂ လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထပ်တိုး သတ်မှတ်ထုတ်ပြန်လိုက်သည်။

သို့ဖြစ်ရာ အထက်အပိုဒ် ၂ ပါ လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများ အနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့ရာတွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည် ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဂျုံစေ့နှင့် ပလတ်စတစ်ကုန်ကြမ်း ပစ္စည်းများပါဝင်သည့် ကုန်စည် ၁၄၁ လိုင်းကို သွင်း ကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် မတ် ၂ ရက်မှစ၍ ထပ်တိုးသတ်မှတ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၂/၂၀၂၂)ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုစားနိုင်ရန်၊ နိုင်ငံ၏ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန်စည် များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း  သိရသည်။

သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာ စာအမှတ် ၆၈/၂၀၂၀ အရ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော H.S Code 10 Digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်း၊ ပို့ကုန် သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသော H.S Code 10 Digit ဖြင့် ကုန်စည်လိုင်း ၃၀၇၀ လိုင်း၊ သတင်းလွှာ(၁/၂၀၂၂) ဖြင့် ထုတ်ပြန် ထားသော H.S Code 10 Digit ဖြင့် ကုန်စည် ၈၂၆ လိုင်းအပါအဝင် ပူးတွဲပါ H.S Code များဖြင့် သတ်မှတ်ထားသော ကုန်စည်များသည် သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများဖြစ်ကြောင်း နှင့် အထက်အပိုဒ် ၂ ပါ လိုင်စင်လျှောက်ထား ရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှပင်လယ်ရေ ကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများမှ တင်သွင်းရာတွင် ၂၀၂၂ခုနှစ် မတ်လ ၂ ရက်မှစတင်၍ လုပ်ထုံး လုပ်နည်း နှင့်အညီ သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုလျက်ရှိသည်။

 

Most Read

Most Recent