ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ တစ်ပတ်အတွင်း ရော်ဘာတန်ချိန် ၈၀၀၀ ခန့်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၁၄၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့

ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ တစ်ပတ်အတွင်း ရော်ဘာတန်ချိန် ၈၀၀၀ ခန့်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၁၄၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့
ပြည်တွင်းရော်ဘာလုပ်ငန်းခွင်တစ်ခုမှ ရော်ဘာများ နေလှန်းအခြောက်ခံထားသည်ကို တွေ့ရစဉ်
ပြည်တွင်းရော်ဘာလုပ်ငန်းခွင်တစ်ခုမှ ရော်ဘာများ နေလှန်းအခြောက်ခံထားသည်ကို တွေ့ရစဉ်
Published 7 March 2022

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ  တတိယပတ်ကာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ရော်ဘာတန်ချိန် ၈၀၀၀ ခန့်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် တန်ချိန် ၁၄၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၃၅၀၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၀၀၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၀၀ ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀ ခန့် စုစုပေါင်းရော်ဘာတန်ချိန် ၇၀၀၀ ကျော်တင်ပို့မှုမှဒေါ်လာ ၁၁ ဒသမ ၂၆၇ သန်းကျော်ရရှိခဲ့သည်။

အဆိုပါကာလအတွင်း နယ်စပ်လမ်းကြောင်း မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ရော်ဘာတန်ချိန် ၃၀၀ ကျော်နှင့် မြဝတီကုန်သွယ်ရေးဇုန်မှ ရော်ဘာတန်ချိန် ၂၀၀ ကျော် စုစုပေါင်းတန်ချိန် ၅၄၄ တန်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၄၈၅ သန်းခန့်ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှရော်ဘာတန်ချိန် ၈၀၀၀ ခန့်၊ တန်ဖိုးဒေါ်လာ၁၃ ဒသမ ၇၅၂ သန်း ရရှိခဲ့သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၁၄၀၀ ကျော်ပိုမိုခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ ဒေါ်လာ ၁၂ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၇၂၀ ကျော်တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကာလအတွင်း ရော်ဘာတင်ပို့မှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၈၇၅ခန့်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၅၁၀ ကျော်၊ ထိုင်ဝမ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀ ခန့်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန်  ရဝကျော်၊ သီရိလင်္ကာသို့ ရော်ဘာတန်ချိန် ၆၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း၊ မြဝတီကုန်သွယ်ရေးဇုန်မှ ရော်ဘာတန်ချိန် ၇၅၀ ကျော်နှင့် ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှလည်း ရော်ဘာတန်ချိန် ၁၄၀ ကျော်တင်ပို့ခဲ့ကြောင်း၊ စုစုပေါင်းရော်ဘာ တင်ပို့မှုတန်ချိန် ၉၆၁၀ ကျော်တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၈၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။         

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်သည်။ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent