၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကျပ် ၇၄၈၉၃ ဒသမ ၁၆၇ ဘီလျံ၊ စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်း

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကျပ် ၇၄၈၉၃ ဒသမ ၁၆၇ ဘီလျံ၊ စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်း
မြန်မာနိုင်ငံ၏ နှစ်အလိုက် GDP တိုးတက်မှုနှုန်းကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ နှစ်အလိုက် GDP တိုးတက်မှုနှုန်းကို တွေ့ရစဉ်
Published 6 March 2022

ခြောက်လအတွက်  စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကျပ် ၇၄၈၉၃ ဒသမ ၁၆၇ ဘီလျံ၊ စီးပွားရေးတိုးတက်မှုနှုန်းကို  ၃ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်းထား

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  စုစုပေါင်းပြည်တွင်းထုတ် လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၇၄၈၉၃ ဒသမ ၁၆၇ ဘီလျံ၊ စီးပွားရေးတိုးတက်မှုနှုန်းကို  ၃ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂  ခုနှစ် မတ်လအထိ ခြောက်လအတွက်အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  နိုင်ငံတော်၏စီးပွားရေး အခြေအနေအကျဉ်းချုပ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၇၄၈၉၃ ဒသမ ၁၆၇ ဘီလျံ၊ စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ပြည်ထောင်စု၏ စုစုပေါင်းရငွေကို ကျပ် ၁၂၅၈၀ ဒသမ ၁၉၃ ဘီလျံ၊ ပြည်ထောင်စု၏စုစုပေါင်းအသုံးစရိတ်ကို ကျပ် ၁၆၃၈၀ ဒသမ ၄၇၉ ဘီလျံဟု ခန့်မှန်းထားပြီး ပြည်ထောင်စု၏စုစုပေါင်းလိုငွေမှာ ကျပ် ၃၈၀၀ ဒသမ ၂၈၆ ဘီလျံနှင့် လိုငွေနှင့် GDP အချိုးမှာ ၅ ဒသမ ၀၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၂၈/၂၀၂၁ ဖြင့် ပြဋ္ဌာန်းခဲ့သည်။

ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်သဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ကြားကာလခြောက်လအတွင်း ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဌာနအတွက် အသုံးစရိတ်များထက် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုနိုင်သည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဦးစားပေး၍ ထိထိရောက်ရောက်သုံးစွဲရန် ရည်ရွယ်ကြောင်း၊ ယခုခြောက်လဘဏ္ဍာရေးနှစ်တွင် မမျှော်လင့်သောအသုံးစရိတ်များအတွက် အရေးပေါ်ရန်ပုံငွေ ကျပ် ၅၆ ဘီလျံလျာထားသည့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ သုံးစရိတ်လိုအပ်ချက်များအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ အသုံးစရိတ်လိုအပ်ချက်များအတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ လျာထားခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ အလွန်ကာလတွင် စီးပွားရေးပြန်လည်ဦးမော့စေရေး၊ စီးပွားရေးတိုးတက်မှုကို အားလုံးခံစားခွင့်ရရှိရေးနှင့် မညီမျှမှုလျှော့ချရေး၊ စီးပွားရေးပုံစံပြောင်းလဲမှုကို အထောက်အပံ့ဖြစ်စေရေး၊ ပြည်သူ့ဘဝလုံခြုံမှုနှင့် လူနေမှုအဆင့်အတန်း တိုးတက်ရေးစသည့် မူဝါဒများကို ပ့ံပိုးပေးနိုင်ပြီး ထိရောက်သည့် အသုံးစရိတ်များဖြစ်စေရေးအတွက် ရည်ရွယ်ပြီး လတ်တလော ဆောင်ရွက်ရန် မလိုသေးသည့် စီမံကိန်းလုပ်ငန်းများလျှော့ချခြင်း၊ ကဏ္ဍအလိုက်၊ ဒေသအလိုက် ချိတ်ဆက်မှု မြှင့်တင်ခြင်း၊ အမှန်တကယ် သုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်ဖြစ်စေရေးအတွက် စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်ကိုးရပ်ပါ စီးပွားရေး  ဦးတည်ချက်မှာကို အစဉ်တစိုက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လည်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  ပြည်ထောင်စု၏အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၃၀၇၄ ဒသမ ၉၂၅ ဘီလျံ ရရှိရန် ခန့်မှန်းထား

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၃၀၇၄ ဒသမ ၉၂၅ ဘီလျံရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေငွေ စာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ပြည်ထောင်စု၏အခွန်အကောက်ရငွေနှင့် GDP အချိုးမှာ ၄ ဒသမ ၁၁ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (IRD)၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက်ပြည်ထောင်စု၏ အခွန်ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃  ဒသမ ၆၅၇ သန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ၅၆၈ သန်း ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၈၄၇၅၆၆၇ ဒသမ ၇၄၆ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၈၆၁၅၇၇၇ ဒသမ ၂၂၉ သန်းရရှိရန် လျာထားခဲ့သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၃၃၇၉ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်က ထုတ်ပြန်ထားသည်။

နှစ်စဉ်အထူးကုန်စည်ခွန်

ရငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂  ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိ ကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရငွေစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃  သန်း၊၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း  ပြည်တွင်းအခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့ သတင်းအချက်အလက်ယူနစ်က ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း (၂၀၁၉ ခုနှစ် အောက်တိုဘာမှ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၉၆၉ ဒသမ ၃၉၇ ဘီလျံကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၄၇၃ ဒသမ ၆၈၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၂၂၇ ဒသမ ၉၆၄ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၄၈ ဒသမ ၅၄၁ ဘီလျံ၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်မှ ကျပ် ၈၅ ဒသမ ၄၀၇ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၆၅ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။

ဂျုံစေ့နှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ ပါဝင်သည့် ကုန်စည် ၁၄၁ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် မတ် ၂ ရက်မှစ၍ ထပ်တိုးသတ်မှတ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၂/၂၀၂၂) ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုစားနိုင်ရန်၊ နိုင်ငံ၏ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှ ကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှ တင်သွင်းသည့်ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent