၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်း                 

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်း                 
 ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကိုတွေ့ရစဉ်
Published 5 March 2022

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၇ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၂၁ ခု နှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံးခန့်မှန်း ခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင် နှုန်း၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက် အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာ ခိုင်နှုန်း နှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာ နှင့်  နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ပြန်လည် ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ကာလအတွင်း  ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈၃ ရာခိုင် နှုန်းရှိခဲ့သည်။ တတိယသုံးလပတ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထသုံးလပတ်က ၁ ဒသမ  ၈၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း  ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

Most Read

Most Recent