ICJ တွင် နောက်ဆုံးနေ့ကြားနာမှု၌ ဂမ်ဘီယာက ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရသူများအတွက် တရားမျှတမှုကို တောင်းဆို

ICJ တွင် နောက်ဆုံးနေ့ကြားနာမှု၌ ဂမ်ဘီယာက ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရသူများအတွက် တရားမျှတမှုကို တောင်းဆို
Photo-ICJ
Photo-ICJ
Published 1 March 2022
Ref: HRW

ဘင်္ဂါလီများအတွက် တရားမျှတမှုကို နှောင့်နှေးခြင်းမရှိစေရေးအတွက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးရန် တရားသူကြီးများကို ဂမ်ဘီယာက ပန်ကြားခဲ့ခြင်းနှင့်အတူ သည်ဟိတ်မြို့ရှိ နိုင်ငံတကာတရားရုံး၌ သီတင်းတစ်ပတ်ကြာ တရားစွဲဆိုမှု ပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံရှိဘင်္ဂါလီမွတ်စလင်များ (မူရင်းတွင် ရိုဟင်ဂျာမွတ်စလင်များဟု ဖော်ပြထား)အား လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့်  ဂမ်ဘီယာ၏တရားစွဲဆိုမှုကို မြန်မာနိုင်ငံက ကနဦးကန့်ကွက်မှုများနှင့် စပ်လျဉ်းသည့် ကြားနာမှုမှာ ဖေဖော်ဝါရီ ၂၈ ရက်တွင် အဆုံးသတ်ခဲ့သည်။ ICJ အနေဖြင့် အမှုကို ဆက်လက်စွဲဆိုခြင်း ပြု မပြုဆိုသည့်ဆုံးဖြတ်မည့်ကိစ္စမှာ အချိန်တစ်နှစ်ကြာနိုင်သည်။

အမှုကို ဆက်လက်စွဲဆိုမည်ဆိုပါက ICJ က ဆုံးဖြတ်ချက်မချက်မီ နှစ်အနည်းငယ်ကြာမည်ဖြစ်သည်။

ICJ ၌ နစက၏ မြန်မာကိုယ်စားလှယ်ကိုယ်စားပြုခြင်းက စိုးရိမ်မှုများကို ပေါ်ပေါက်စေခဲ့သည်ဆိုသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်များအတွက် တိုက်ရိုက်ကြားနာခြင်းအပေါ် ဘင်္ဂါလီအရေးတက်ကြွလှုပ်ရှားသူအချို့က ကြိုဆိုခဲ့ကြသည်။

တရားရုံး၌ ရင်ဆိုင်နေရသည်ကို မြင်ရသည်မှာ ရင်ထဲပေါ့သွားသည်ဟု ဘင်္ဂါလီအရေးတက်ကြွလှုပ်ရှားသူ ယာဆင်ဘူလာက ပြောကြားခဲ့သည်။

ဘင်္ဂါလီများ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ထွက်ပြေးခဲ့ရခြင်းနှင့်ဆက်စပ်၍  လူသားအပေါ်ရာဇဝတ်မှုကျူးလွန်သည့်အမှုကို အာဂျင်တီးနား၌ တရားစွဲထားပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေခြင်းသည် ဘင်္ဂါလီများအတွက် တရားမျှမှုရရှိရေးအပြင် ဒုက္ခရောက်ခဲ့ကြသူအားလုံးအတွက် အကျိုးဆက်များ ရှိနေသည်။

လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံ၏ ကန့်ကွက်မှုမှာ အချိန်ဆွဲသည့် နည်းလမ်းတစ်ခုသာဖြစ်သည်ဟု ဂမ်ဘီယာက ထုတ်ပြန်ခဲ့ပြီး တရားစွဲဆိုရာတွင် နောက်ထပ် နှောင့်နှေးကြန့်ကြာမှုများက ဘင်္ဂါလီများအပေါ် ထပ်မံရက်စက်မည့် အန္တရာယ်ရှိလာနိုင်သည်ဟု ဂမ်ဘီယာက ဖော်ပြထားသည်။

အမှုကို ဆက်လက်စွဲဆိုမည်ဆိုပါက မြန်မာနိုင်ငံသည် ဂမ်ဘီယာ၏ အချက်အလက်ဖြင့် စွပ်စွဲချက်များကို တုံ့ပြန်ရန် လိုအပ်လာမည်ဖြစ်သည်။ 

မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွင် ပါဝင်ခဲ့ကြသည်ဟု ဂမ်ဘီယာနိုင်ငံဘက်က စွပ်စွဲထားသည်။

ထို့ကြောင့် ယခုအမှုကို ဆက်လက်တရားစွဲမည်ဆိုပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ဘင်္ဂါလီများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် အခွင့်အရေးတစ်ခု ဖြစ်လာမည်ဖြစ်သည်။                

 

 

Most Read

Most Recent