အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် လယ်ဝေးမြို့နယ်တွင် စတင်

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် လယ်ဝေးမြို့နယ်တွင် စတင်
Published 22 February 2022

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် လယ်ဝေးမြို့နယ်တွင် စတင်ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်အနက် အမှတ်စဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးအတွက် လယ်ဝေးမြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းများအား မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြေပြင်လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ပါ လုပ်ငန်းအဖွဲ့များ၏ ရပ်ကွက်/ကျေးရွာအုပ် စုအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအဖွဲ့များအနေဖြင့် လယ်ဝေးမြို့နယ်ရှိ ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၀ ရှိ လူဦးရေ ၁၂၉ç၄၀၃ ဦး၏ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို နည်းပညာအသုံးပြု၍ အပြန်အလှန် စစ်ဆေးဆောင်ရွက်မည်ဖြစ်သည်။

Most Read

Most Recent