အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုခွင့် မရှိကြောင်း ကနဦး ကန့်ကွက်လွှာကို မြန်မာနိုင်ငံက တင်သွင်းကြောင်း ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုခွင့် မရှိကြောင်း ကနဦး ကန့်ကွက်လွှာကို မြန်မာနိုင်ငံက တင်သွင်းကြောင်း ထုတ်ပြန်
Published 21 February 2022

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုခွင့် မရှိကြောင်း ကနဦး ကန့်ကွက်လွှာကို မြန်မာနိုင်ငံကတင်သွင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ကြေညာသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌  ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး အဆိုပါ ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းကြောင့် အဆိုပါ ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ရန်  မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ ပူးတွဲကိုယ်စားလှယ် (Alternate Agent) ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ပြီး နယ်သာလန်နိုင်ငံသို့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း၊ အဆိုပါကြားနာမှုကို ဖေဖော်ဝါရီ ၂၁ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်လျက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဤအမှုကို ဥပဒေကြောင်းအရ ICJ က လက်ခံကြားနာ စစ်ဆေးရန် မသင့်ကြောင်း ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာ ရှေ့နေများက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက်များနှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြလျှောက်လဲသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

Most Read

Most Recent