လေးလအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၆၁ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၁၅၂ တန်ကျော်ဖြင့် အများဆုံးဖြစ်

လေးလအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၆၁ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၁၅၂ တန်ကျော်ဖြင့် အများဆုံးဖြစ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ သတ္တုထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်များအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ သတ္တုထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်များအတွင်းက တွေ့ရစဉ်
Published 13 February 2022

၂၀၂၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ လေးလအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၆၁ တန်ကျော် ထုတ်လုပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၁၅၂ တန်ကျော်ဖြင့် အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာတွင် သတ္တုတန်ချိန် ၈၄ ဒသမ ၈၆၂ တန်၊ နိုဝင်ဘာတွင် ၃၇ ဒသမ ၀၃၂ တန်၊ ဒီဇင်ဘာတွင် ၃၆ ဒသမ ၃၃၀ တန်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၃ ဒသမ ၀၃၂ တန်ဖြင့် စုစုပေါင်း ၁၆၁ ဒသမ ၂၅၆ တန် ထုတ်လုပ်ထားသည်။

အဆိုပါ လေးလအတွင်း ကယားပြည်နယ်မှ ၉ ဒသမ ၁၄၄ တန်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၅၂ ဒသမ ၁၁၂ တန် ထုတ်လုပ်ထားကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့်အဖြိုက်နက် ထုတ်လုပ်မှုတွင် ကယားပြည်နယ်၌ ၂၀၁၉ ခုနှစ်အောက်တိုဘာလအတွင်း  ၁၈ ဒသမ ၂၈၉ တန်၊ နိုဝင်ဘာ၌ ၂၀ ဒသမ ၃၂၀၀ တန်၊ ဒီဇင်ဘာတွင် ၂၁ ဒသမ ၃၃၇၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၂၃ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီတွင် ၂၁ ဒသမ ၃၃၇ တန်နှင့် မတ်တွင် ၁၈ ဒသမ ဒသမ ၂၈၉၀ တန်နှင့် ဇူလိုင်တွင် ၁၅ ဒသမ ၂၄၁၀  တန်၊ သြဂုတ်တွင် ၂၀ ဒသမ ၃၂၁၀ တန်၊ စက်တင်ဘာတွင် ၁၅ ဒသမ၂၄၁၀ တန်ဖြင့် စုစုပေါင်း ၁၇၃ ဒသမ ၇၄၄၀ တန် ထုတ်လုပ်ထားသည်။

တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၁၉  ခုနှစ် အောက်တိုဘာတွင် ၁၀ တန်၊ နိုဝင်ဘာတွင် ၄၅ ဒသမ ၈၂၂၁ တန်၊ ဒီဇင်ဘာတွင် ၃၆ ဒသမ ၁၇၄၀ တန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၃၃ တန်၊ ဖေဖော်ဝါရီတွင် ၄၅ ဒသမ ၇၁၄၀ တန်နှင့် မတ်တွင် ၅၅ တန်နှင့် ဧပြီတွင် ၂၈ တန်နှင့် မေတွင် ၇၅ တန်၊ ဇွန်တွင် ၃၁ တန်နှင့် ဇူလိုင်တွင် ၁၀ ဒသမ ၉၃၉၀ တန်၊ သြဂုတ်တွင် ၁၈ ဒသမ ၀၁၁၀ တန်၊ စက်တင်ဘာတွင် ၄၇ ဒသမ ၆၅၁၀ တန်ဖြင့် စုစုပေါင်း ၄၃၆ တန်ကျော် ထုတ်လုပ်ထားသည်။

လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၂၈ ဒသမ ၂၈၉၀ တန်၊ နိုဝင်ဘာတွင် ၆၆ ဒသမ ၁၄၂၀ တန်၊ ဒီဇင်ဘာတွင် ၅၇ ဒသမ ၄၁၁၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၅၆ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီ ၌ ၆၇ ဒသမ ၁၅၁၀ တန်၊ မတ်တွင် ၇၃ ဒသမ ၂၈၉၀ တန်နှင့် ဧပြီတွင် ၂၈ တန်နှင့် မေတွင် ၇၅ တန်၊ ဇွန် တွင် ၃၁ တန်နှင့် ဇူလိုင်တွင် ၂၆ ဒသမ ၁၈ တန်၊ သြဂုတ်တွင် ၃၈ ဒသမ ၃၃၂၀ တန်၊ စက်တင်ဘာတွင် ၆၂ ဒသမ ၈၉၂၀ တန်ဖြင့် စုစုပေါင်း ၆၀၉ ဒသမ ၉၅၅၀ တန် ထုတ်လုပ်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ၁၀ လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၆၃၅၅ ဒသမ ၃၄ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၄၇၃၂ ဒသမ ၇၃ အထိ ထုတ်လုပ်ထားသည်။      

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင် အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင် အောင်စ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၁၂၃ ဒသမ ၁၈၀ ထရိုင်အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ်တွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင် စ၊ မေတွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဇွန်တွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ၌ ၆၇၁ ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာ၌ ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီ၌ ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ  ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉ဝထရိုင်အောင်စ၊ ဇွန်၌ ၇၂၈ ဒသမ  ၈၀၀ ထရိုင်အောင်စ နှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စဖြင့် စုစုပေါင်း ၆၃၅၅ ဒသမ ၃၄ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

Most Read

Most Recent