အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေး မသက်ဆိုင်သောပုဂ္ဂိုလ်ကို ဖိတ်ကြားထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေး မသက်ဆိုင်သောပုဂ္ဂိုလ်ကို ဖိတ်ကြားထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက်ခဲ့သည်ကမ္ဘောဒီယား နိုင်ငံခရီးစဉ် တွင်     နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကမ္ဘောဒီးယား ဝန်ကြီးတို့အား တွေ့ရစဉ်
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက်ခဲ့သည်ကမ္ဘောဒီယား နိုင်ငံခရီးစဉ် တွင်     နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကမ္ဘောဒီးယား ဝန်ကြီးတို့အား တွေ့ရစဉ်
Published 3 February 2022
Ref: Reuters

ယခုလနှောင်းပိုင်းတွင် ကျင်းပရန်ရှိ သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီးအစား မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မ သက်ဆိုင်သော ကိုယ်စားလှယ်ကို ဖိတ်ကြားထားသည်ဟု ဖေဖော်ဝါရီ ၃ ရက်တွင် ကမ္ဘော ဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ကင်းမဲ့နေချိန်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားရန် ဘုံသဘောတူညီချက် မရသေးဟု ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ချွမ်ဆောင်နရီက ပြောကြားခဲ့သည်။

ကမ္ဘာဒီးယားနိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့ တွင် ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ်ကို လက်ခံကျင်းပပေးရန် ရှိနေသည်။

“အခုလိုသဘောတူညီမှုမရသေးတဲ့ အနေအထားမှာ မြန်မာအတွက်နေရာကို အလွတ်ထားမယ့်အစား အဲဒီနေရာကို နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့လူက တက်ဖို့ မြန်မာနိုင်ငံ ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု ချွမ် ဆောင်နရီက ရိုက်တာသတင်းဌာနကို ပြော ကြားခဲ့သည်။

တက်ရောက်မည့်ကိုယ်စားလှယ်မည်သူ ဖြစ်သင့်သနည်းဆိုသည်ကို မြန်မာနိုင်ငံက ဆုံး ဖြတ်ရမည်ဟု ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

လွန်ခဲ့သော တစ်နှစ်တွင် တပ်မတော်က ရွေးကောက်ခံအစိုးရက ဖြုတ်ချကာ နိုင်ငံတော်အာဏာကို လွှဲယူခဲ့ပြီးကတည်းက မြန်မာနိုင်ငံသည် အကျပ်အတည်းဖြစ်ပေါ်လျက် ရှိသည်။

စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော အကြမ်းဖက်မှု သတင်းများ၊လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ယိုယွင်းလာမှု သတင်းများ အပါအဝင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် စပ်လျဉ်း၍ မိမိတို့ အလွန် စိုးရိမ်သည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။

“အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေး အရေးတကြီးဖြစ်နေပုံကိုလည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အစွမ်းကုန်သည်းခံရေးကိုလည်းကောင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများက မီးမောင်းထိုးပြလျက်ရှိ သည်”ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက်များကို လေးစားရန် ပျက်ကွက်သည့် အတွက် လွန်ခဲ့သော နှစ်တွင် အာဆီယံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာ ဆီယံ၏ အရေးပါသော အစည်းအဝးများသို့ တက်ရောက်ရန် ပိတ်ပင်ခဲ့သည်။       

သို့ရာတွင် မြန်မာ့အရေးနှင့် ပတ်သက် ၍ သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေ ခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က ဇန်နဝါရီ ၇ ရက်တွင် တပ်မတော်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ခြင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အသိအမှတ်ပြုသည့် သဘော သက်ရောက်နိုင်သည်ဆိုကာ အာဆီယံနိုင်ငံ အချို့က ဟွန်ဆန်ခရီးစဉ်ကို စိုးရိမ်ခဲ့ကြသည်။         

Most Read

Most Recent