ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း ခုနစ်သောင်းနီးပါးအထိ ရောက်ရှိလာပြီး ယခင်နေ့များထက် ကျပ်လေးသောင်းနီးပါး ခုန်တက်လာကာ ဒေါ်လာစျေးတက်သဖြင့် ရွှေစျေးနှုန်းမြင့်တက်ခြင်းဟု ဆို

ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း ခုနစ်သောင်းနီးပါးအထိ ရောက်ရှိလာပြီး ယခင်နေ့များထက် ကျပ်လေးသောင်းနီးပါး ခုန်တက်လာကာ ဒေါ်လာစျေးတက်သဖြင့် ရွှေစျေးနှုန်းမြင့်တက်ခြင်းဟု ဆို
Published 11 January 2022
ဇော်မင်းနိုင်

ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း ခုနစ်သောင်းနီးပါးအထိ ရောက်ရှိလာပြီး ယခင်နေ့များထက် ကျပ်လေးသောင်းနီးပါး ခုန်တက်လာကာ ဒေါ်လာစျေးတက်သဖြင့် ရွှေစျေးနှုန်းမြင့်တက်ခြင်းဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ဇန်နဝါရီ  ၁၀ ရက် ညနေပိုင်းအပိတ်စျေးအရ ၁၆ ပဲရည်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း သုံးသောင်းကိုးထောင်သာ ရှိခဲ့သော်လည်း ဇန်နဝါရီ ၁၁ ရက် နံနက်စျေးဖွင့်ချိန်တွင် ၁၈ သိန်း ခုနစ်သောင်းနီးပါးအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ စျေးကတော့ ခုန်တက်သွားတာပေါ့။ စျေးကွက်ထဲမှာတော့ အရောင်းအဝယ်က အေးပါတယ်။ ရွှေလည်း ပေါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိရွှေစျေးမြင့်တက်လာခြင်းအကြောင်းမှာ ဒေါ်လာစျေးမြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။

“ ဖြစ်နေတာ ဒေါ်လာစျေးတက်သွားတာ။ ဒေါ်လာစျေးက ၁၉၆၀ လောက်ဖြစ်သွားတယ်။ Earning က ၂၀၀ လောက်ဖြစ်သွားတယ်။ အဲဒီတော့ စျေးတွေက တအားထောင်တက်သွားတဲ့သဘောပေါ့။ ဒေါ်လာကို ထိန်းနိုင်ရင် ရွှေစျေးပြန်ကျမယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိကမ္ဘာ့ရွှေစျေးမှာ မြင့်တက်ခြင်း မရှိဘဲ မြန်မာ့ရွှေစျေးသာ မြင့်တက်နေခြင်း ဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

“ ကမ္ဘာ့စျေးက ၁၈၀၀ နဲ့ ၁၇၅၀ ကြားပေါ့။ အဲဒီကြားမှာပဲ ပြေးနေတယ်။ ကမ္ဘာ့စျေးက သိပ်မတက်နိုင်ဘူး။ မနှစ်က ကိုဗစ်ဖြစ်သွားတော့ စက်ရုံအလုပ်ရုံတွေ ပိတ်တယ်။ လေယာဉ်တွေ၊ သင်္ဘောတွေ အကုန်ရပ်သွားတဲ့အခါကျတော့ ရင်းနှီးမြှုပ်နှံမှုအားလုံးက ရွှေထဲကို ဝင်လာတာ။ အဲဒါကြောင့် တက်သွားတာ။ အခုအခြေအနေက ကမ္ဘာ့ရွှေစျေးက မတက်နိုင်ဘူး။ ပြည်တွင်းစျေးပဲ ဒေါ်လာကို မထိန်းနိုင်ရင် ပြသာနာရှိတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂ဝဝဝဝနှင့် စက်တင်ဘာလအတွင်း ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

Most Read

Most Recent