(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ သရေစည်သူဘွဲ့ရရှိခဲ့ပြီး စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ တစ်ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူနှစ်ဦး စုစုပေါင်း ၃၁ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပေးအပ်ချီးမြှင့်

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ သရေစည်သူဘွဲ့ရရှိခဲ့ပြီး စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ တစ်ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူနှစ်ဦး စုစုပေါင်း ၃၁ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပေးအပ်ချီးမြှင့်
နေပြည်တော်၌ ဇန်နဝါရီ ၄ ရပ်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပစဉ်
နေပြည်တော်၌ ဇန်နဝါရီ ၄ ရပ်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပစဉ်
Published 6 January 2022

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သရေစည်သူဘွဲ့ရရှိခဲ့ပြီး စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ တစ်ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နှစ်ဦး စုစုပေါင်း ၃၁ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်တွင် ကျင်းပခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းခဲ့သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုလည်းကောင်း၊ စည်သူဘွဲ့ရရှိကြသူများကိုယ်စား ကောင်စီဝင်    ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုလည်းကောင်း၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ အမှတ်(၂၀၇)ခြေမြန်တပ်ရင်းမှ ဒုတိယတပ်ကြပ်သက်ရှည်ကိုယ်စား ၎င်း၏ဇနီးကိုလည်းကောင်း၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ရရှိကြသူ ၁၇ ဦးကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူနှစ်ဦးကိုယ်စား ဦးမောင်ကိုကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့သည်။

တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင်လည်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ခြောက်ဦး၊ သိပ္ပံပညာထူးချွန် တံဆိပ် (ပထမ) ဆင့်ရရှိသူ ရှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူနှစ်ဦး စုစုပေါင်း ၁၈ ဦးတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၄၀ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၈၂ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ခြောက်ဦး၊ သီဟသူရဘွဲ့ရရှိသူ ၅၀၊ သူရဘွဲ့ရရှိသူ ၅၄၆ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ခြောက်ဦး၊ သူရဲကောင်းမှတ်တမ်းဝင်ရရှိသူ ၁၈၆၀၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၀၁၈ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂၉၈၇ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ကိုးဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၉၀၁ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent