မန်ယူအသင်းမှထွက်ခွာရန် စီရော်နယ်လ်ဒို စီစဉ်နေသည်ဆိုသောသတင်းများကို အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် ငြင်းဆန်

မန်ယူအသင်းမှထွက်ခွာရန် စီရော်နယ်လ်ဒို စီစဉ်နေသည်ဆိုသောသတင်းများကို အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 2 January 2022

 

ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအနေဖြင့် မန်ယူအသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး အသင်းမှထွက်ခွာရန် စီစဉ်နေသည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က ငြင်းဆန်ပယ်ချခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကမှ ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ပွဲ ၂၀ တွင် ၁၄ ဂိုးသွင်းယူထားသော်လည်း ယခုရာသီတွင် မန်ယူအသင်း ရုန်းကန်နေရခြင်းမှာ စီရော်နယ်လ်ဒိုကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။ 

ထို့ကြောင့် စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ သို့သော် စီရော်နယ်လ်ဒို၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ကမူ အဆိုပါသတင်းများမှာ မှန်ကန်ခြင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂျော့ချ်မန်ဒက်စ်က "စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှာ အရမ်းပျော်ရွှင်နေပါတယ်။ သူ့အနေနဲ့ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို မန်ယူအသင်းမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အခုရာသီက စီ ရော်နယ်လ်ဒိုအတွက် အကောင်းဆုံးရာသီတွေထဲက တစ်ခုဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ မန်ယူအတွက်ပဲ သူ အာရုံစိုက်ထားပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent