သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ၊ သားငှက်ထိန်းသိမ်းရေးအ ဖွဲ့(WCS)၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့( TSA )တို့ ရှာဖွေသုတေသနပြုနေဆဲ Batagur Baska မျိုးစိတ် သက်ရှိထင်ရှား မှတ်တမ်းတင်ထားသည့် သောင်လိပ်နှစ်ကောင်အနက် တစ်ကောင်ကို ကျိုက်ဒေးအပ် ဆံတော်ရှင်စေတီ(ဗိုလ်တစ်ထောင်) လိပ်ကန်ရှိပြီး၊ကျန်တစ်ကောင်ကိုမွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း ရွာလွတ်ရှင်ဥပဂုတ္တရေကန်တွင်ထိန်းထားရာယနေ့တိုင်ရှိနေကြောင်းသိရသည်။
သောင်လိပ်ကို ရခိုင်၊ဧရာဝတီ၊ မွန်ပြည်နယ်၊ ခြေရာခံစုံစမ်းပါတယ်၊ ကတိုးကော့နှပ်မှာရှိတာသိရတယ်၊ အဲဒီကနေဘီလူးကျွန်း ကလွီရွာဆန်စက်၊ အဲဒီကနေရွာ လွတ်ရှင် ဥပဂုတ္တရေကန်ကိုရောက်နေတာ သိရပါတယ်၊ အဲဒီကန်ထဲမှာနှစ်ကောင်ရှိတာ ၂၀၁၇ ခုက တွေ့ခဲ့တယ်၊ဆက်လက်ရှင်သန်ဖို့ လိပ်သောင်တစ်ခုလုပ်ပေးခဲ့တယ်၊ အခုလာပြန်ကြည့်တာ တစ်ကောင်သေသွားတာ အခွံကို လိပ်ပုံလုပ်ထားပါတယ်၊ ကျန် တစ်ကောင် အမဖြစ်သလို ရန်ကုန်ဗိုလ်တထောင်ကလည်း အမပဲ၊ ရှားပါးပြီမျိုးမသုဉ်းစေဖို့၊ မျိုးပွားဖို့က အထီးလိုပါတယ်” ဟု ကိုဝင်းကိုကို(လိပ်၊မိကျောင်းသုတေသနပညာရှင်)ကပြောကြားသည်။
လက်ရှိစောင့်ရှောက်ထိန်းသိမ်းထားသူ ရွာလွတ်ရွာသား ကိုဝင်းဇော်က ယခုကန်သို့ သောင်လိပ် ရောက်လာသည်မှာ နှစ်၆၀ ကျော်ပြီး၊ တစ်ကောင်က လွန်ခဲ့သုံးနှစ်၊အစားသောက်နည်း၍ တိကုဆရာဝန်ပြသကုသသော်လည်း သေဆုံးခဲ့ကြောင်း၊ လက်ရှိလိပ်သည်အရှည်နှစ်ပေခွဲ၊အနံတစ်ပေခွဲရှိပြီး ပေါင်မုန့်စားကြောင်းပြောကြားသည်။