■ ကစားသမား(၅)ဦး လူစားလဲသည့်စနစ် ပြန်လည်အသုံးပြုသင့်ဟု ရန်းနစ် အကြံပြု     

■ ကစားသမား(၅)ဦး လူစားလဲသည့်စနစ် ပြန်လည်အသုံးပြုသင့်ဟု ရန်းနစ် အကြံပြု     
Photo: Getty Images
Photo: Getty Images
Published 24 December 2021

မန်ယူအသင်း၏ နည်းပြ ရန်းနစ်က ကိုရိုနာဗိုင်းရပ်စ်၏ ထိုးနှက်မှုများနှင့် ပြန်လည်ရင်ဆိုင်လာရချိန်တွင် ပရီးမီးယားလိဂ်အနေဖြင့် ကစားသမား(၅)ဦး လူစားလဲသည့်စနစ်ကို ပြန်လည်အသုံးပြုသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်သည် ကပ်ဘေးကာလစတင်သည့် ၂၀၂၀ ခုနှစ်တွင် ယင်းစနစ်ကို အသုံးပြုခဲ့သော်လည်း နောက်ပိုင်း၌ လူစားလဲခြင်းကို (၃)ဦးသာ ပြန်လည်ခွင့်ပြုခဲ့သည်။ 

ရန်းနစ်က "ကိုဗစ်ဖြစ်ပြီး ပြန်သက်သာလာတဲ့ ကစားသမားတွေအတွက် စွမ်းအင်ကို ချွေတာနိုင်ဖို့ ကစားသမား(၅)ဦး လူစားလဲတဲ့စနစ် ပြန်သုံးသင့်ပါတယ်။ အခုအခြေအနေက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကလို ပြန်ဖြစ်နေတာပါ"ဟု ပြောကြားခဲ့သည်။ 

လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိနေပြီး ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းထားရကြောင်း သိရသည်။ 

Most Read

Most Recent