ဘော်ဒိုး - လိုင်လီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
နောက်ဆုံး (၆)ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့ လက်ရှိချန်ပီယံလိုင်လီ တို့ တည်ငြိမ်မှုပြန်ရလာတာကိုတွေ့ရတယ်။ အခုပွဲလည်း ဘော် ဒိုးအိမ်ကွင်းဆိုပေမဲ့ ခြေပိုသာတဲ့ လိုင်လီကိုပဲ ရွေးချင်တယ်။
ကလယ်မွန့် - စထရာဘိုး (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ရလဒ်တွေဆက်တိုက်ကောင်းခဲ့ပြီးမှ စထရာဘိုးတို့နောက် ဆုံးကစားခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့်က လယ်မွန့်က အားရစရာမရှိပါဘူး။ စထရာဘိုး အနိမ့်ဆုံးသရေပါပဲ။
လော်ရီယန့် - PSG (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ပြင်သစ်လီဂူး နောက်ဆုံး (၇)ပွဲဆက်ရှုံးနိမ့်ပြီး (၁၁)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ လော်ရီယန့်အတွက် ဘာမျှော်လင့်ချက်မှမရှိ တဲ့ပွဲလို့ဆိုရပါမယ်။ ချန်ပီယံလိဂ်အုပ်စုပွဲတွေပြီးဆုံးချိန်မှာ PSG တို့ အမှတ်ပေးပြိုင်ပွဲမှာ အမှတ်ရသလောက်ဖြတ်ထားနိုင်ဖို့ ပွဲ တိုင်းကို အာရုံစိုက်လာနိုင်ပါတယ်။ မက်ဆီ၊ ဘာပေတို့ဂိုးတွေရ ဖို့ကြိုးစားလာမယ့် PSG ပဲ ဂိုးပြတ်နိုင်ပွဲယူပါလိမ့်မယ်။
လိုင်ယွန် - မက်ဇ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
အမှတ်ပေးပွဲတွေနဲ့ ဥရောပပွဲတွေကြားမှာ လိုင်ယွန်တို့အ တော်လေးတည်ငြိမ်မှုပျက်ခဲ့ရတယ်။ မက်ဇ်ကတန်းဆင်းဇုန်ထဲ ကရုန်းဖို့ကြိုးစားနေတဲ့အသင်းပါ။ လိုင်ယွန် ကပ်နိုင်ဖို့ပဲရှိတယ်။
မာဆေးလ် - Reims (ကြာသပတေးနံနက် ၂း၃၀ နာရီ)
မာဆေးလ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ဆုပ်ကိုင်ထားနိုင်ဖို့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့ကလွဲပြီး အခြားတွေး ထားမယ်မထင်ဘူး။ မာဆေးလ်ပဲ နိုင်ပွဲဆက်ဖို့ရှိနေတယ်။
မိုနာကို - ရန်းစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တဲ့ မိုနာကိုတို့အခု အိမ်ကွင်းပွဲမှာ ရလဒ်ကောင်းဖို့ ပိုအားစိုက်လာမှာပါ။ ရန်းစ်က လည်း အဆင့် (၃)နေရာမှာရှိနေပေမဲ့ ခြေစွမ်းမတည်ငြိမ်သလို အဝေးကွင်းဆိုရင် ကစားပုံအားနည်းချက်ရှိတာကိုတွေ့ရတယ်။ မိုနာကိုအတွက်က ဥရောပဝင်ခွင့်တစ်နေရာအတွက်အရေးပါ တဲ့ပွဲလည်းဖြစ်နေတယ်။ မိုနာကိုနဲ့ပဲ အရဲစွန့်ချင်တယ်။
မောင့်ပယ်လီယာ - အန်ဂါစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
(၃)ပွဲဆက်အနိုင်ယူပြီး ခြေပြန်မှန်နေတဲ့ မောင့်ပယ်လီ ယာတို့ အခုအိမ်ကွင်းပွဲမှာလည်း နိုင်ပွဲဆက်နိုင်ဖို့ကြိုးစားမှာပါ။ အန်ဂါစ်ခြေစွမ်းမဆိုးပေမဲ့ မောင့်ပယ်လီယာပဲ ရွေးမယ်။
နိုက်စ် - လန်းစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ထိပ်ဆုံး (၄)သင်းထဲရှိနေတဲ့နိုက်စ်တို့ အိမ်ကွင်းမှာအမှား ခံမယ်မထင်ပါဘူး။ လန်းစ်ကလည်း နောက်ဆုံး (၅)ပွဲဆက်နိုင်ပွဲ ပျောက်ပြီး ရုန်းကန်နေရတဲ့အသင်းပါ။ နိုက်စ်ပဲ နိုင်မယ်။
စိန့်အက်တီယန် - နန့်စ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဇယားအောက်ဆုံးက စိန့်အက်တီယန်အတွက်တော့ပွဲ တိုင်းကို ရသလောက်ရုန်းကန်ဖို့ကလွဲပြီး တခြားမရှိပါဘူး။ နန့်စ် က ခြေစွမ်းမဆိုးတဲ့အသင်းပါ။ နန့်စ်ပဲ နိုင်ပွဲဆက်လိမ့်မယ်။
ထရွိုင်စ် - ဘရက်စ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ထရွိုင်စ်က တန်းဆင်းဇုန်နဲ့အဝေးကို ရုန်းထွက်နေရတဲ့အ သင်းဖြစ်ပြီး ဘရက်စ်ကတော့ဖိအားမရှိသလို၊ ခြေစွမ်းလည်းမာ ကျောတဲ့အသင်းပါ။ ဘရက်စ်တို့ အနိမ့်ဆုံးသရေကစားလိမ့်မယ်။















