လေးကေ့ကော်ဒေသတွင် ရက်ဆက်ဖြစ်ပွားနေသောတိုက်ပွဲကြောင့် ထိုင်းရောက် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

လေးကေ့ကော်ဒေသတွင် ရက်ဆက်ဖြစ်ပွားနေသောတိုက်ပွဲကြောင့် ထိုင်းရောက် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး
​​​​​​​ထိုင်းနိုင်ငံ မယ်​တောင်ကလန်းစားသင်​ ကျောင်းတွင် ခိုလှုံ​နေရဆဲဖြစ်သည့်မြန်မာစစ်​ဘေး​ရှောင်များကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုကြီးမန်း)
​​​​​​​ထိုင်းနိုင်ငံ မယ်​တောင်ကလန်းစားသင်​ ကျောင်းတွင် ခိုလှုံ​နေရဆဲဖြစ်သည့်မြန်မာစစ်​ဘေး​ရှောင်များကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုကြီးမန်း)
Published 19 December 2021
ကိုရွှေသိန်း (မြဝတီ)

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ လေးကေ့ကော်ဒေသတွင် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ငါးရက်ဆက် တိုက်ပွဲကြောင့် ထိုင်းရောက် မြန်မာ စစ်ဘေးရှောင်များမှာ ဒီဇင်ဘာ ၁၉ ရက်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

လေးကေ့ကော်၊ မယ်ထော်သလေးကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲဂယက်ရိုက် ခတ်မှုကြောင့် ထောင်နှင့်ချီသည့်ဒေသခံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းနှစ်ခုတွင် ဆက်လက်ခို လှုံနေရဆဲဖြစ်ကြောင်းသိရသည်။

မဲဆောက်မြို့ မဲတောင်းကလန်းစစ်ဘေး ရှောင်စခန်းသို့ ရောက်ရှိနေသူများအနက် ယခင်ရက်က နေရပ်ပြန်သွားသူအချို့ရှိခြင်းကြောင့် ဒီဇင်ဘာ ၁၉ ရက်တွင် အဆိုပါစစ် ဘေးရှောင်စခန်း၌ မြန်မာနိုင်ငံသား  ကလေးများအပါအဝင်  ဦးရေ ၂၄၄၀ သာ ဆက်လက် ခိုလှုံနေကြောင်း သိရသည်။

ထို့အတူ မဲဆောက်တောင်ဘက်ရှိ မဲ့ကို ကင်းစခန်းတွင်လည်း မြန်မာစစ်ဘေးရှောင် ၁၀၀၀ ခန့် ခိုလှုံနေရဆဲဖြစ်ကာ စစ်ဘေးရှောင်များအား ထိုင်းတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ၊ အလုပ်သမားများက စားသောက်ဖွယ်ရာများ၊ စောင်နှင့် အဝတ်အထည်များ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်တွင်လည်း တစ်ဖက် နှင့် တစ်ဖက် လက်နက်ကြီးလက်နက်ငယ်များ နှင့်အတူ ပစ်ခတ်တိုက်ခိုက်မှုများ လေးကေ့ကော်ဒေသတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံစစ်ဘေးရှောင်သူများထံမှသိ ရသည်။

ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းရောက် မြန်မာစစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးမှာ မရေရာမသေချာသည့် အနေအထားတွင်ရှိသလို မြန်မာနိုင်ငံ သောင်ရင်းကမ်းစပ် ဖလူးကျေးရွာအနီးရှိ စစ် ဘေးရှောင်များမှာလည်း ဆက်လက်ရှောင် တိမ်းနေရဆဲဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် စစ်ဘေးရှောင်လာ သူမြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုများအရ  ယာယီလက်ခံစောင့်ရှောက်ထားပြီး တိုက်ပွဲများပြီးစီးပါက နေရပ်သို့ ပြန်စေမည်ဟု သိရသည်။

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပန်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ ဖလူးလေး၊ ဖလူးကြီး၊ ပဟိကလော်၊ လေးကေ့ကော်တို့မှ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ အထက်တွင် ရှိခဲ့ ကြောင်း သိရသည်။

 

Most Read

Most Recent