ဒီဇင်ဘာလ ၂၇ ရက်တွင် ကျင်းပမည့် ၂၀၂၁ Globe Soccer Awards ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံးဆု ၁၂ ဆု အထိ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဆု ၁၂ ဆုတွင် အကောင်းဆုံးအမျိုးသားကစားသမားဆု၊ အကောင်းဆုံးအမျိုးသားကစားသမားဆု၊ အကောင်းဆုံးအမျိုးသားကလပ်အသင်းဆု၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆု ၊ အကောင်းဆုံးအမျိုးသမီးကလပ်အသင်းဆု၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးနောက်ခံလူဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနိုင်ငံအသင်းဆု၊ အကောင်းဆုံး နိုင်ငံလက်ရွေးစင်အသင်းဆု၊ အကောင်းဆုံးအေးဂျင့်ဆု၊ အကောင်းဆုံး အားကစားဒါရိုက်တာဆု၊ TikTok ပရိသတ်များ၏အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံး eSports ကစားသမားဆုများ ပါဝင်မည်ဖြစ်သည်။
Globe Soccer Awards မှာ ဥရောပကလပ်အသင်းများအဖွဲ့အစည်း (ECA) နှင့် ဥရောပဘောလုံးသမားအေးဂျင့်များအဖွဲ့အစည်း(EFAA) တို့ ပူးပေါင်းချီး မြှင့်သည့် ဆုပေးပွဲဖြစ်ပြီး ယူအေအီးစော်ဘွားများ၏ စပွန်ဆာဖြင့် ဒူဘိုင်းတွင် နှစ်စဉ်ကျင်း ပခြင်းလည်းဖြစ်သည်။ အကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒိုက ခြောက်ကြိမ်ဖြင့် အများဆုံးရရှိထားသည်။
အကောင်းဆုံးအမျိုးသားကစားသမားဆု ဆန်ခါတင်စာရင်း
မက်ဆီ၊ စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ လီဝန်ဒေါစကီး၊ ဆာလာ၊ ဘာပေ
အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း
ဒေးရွှမ့်၊ ဟန်ဆီဖလစ်ခ်၊ ဂွါဒီယိုလာ၊ မန်စီနီ၊ စကာလိုနီ၊ တူဟယ်လ်
အကောင်းဆုံးဂိုးသမားဆု ဆန်ခါတင်စာရင်း
ကော်တိုအာ၊ ဒွန်နာရမ်မာ၊ မာတီနက်ဇ်၊ မန်ဒီ၊ နော်ယာ
အကောင်းဆုံးနောက်တန်းဆု ဆန်ခါတင်စာရင်း
အာနိုးလ်၊ အက်ဇ်ပီလီကွယ်တာ၊ ဘိုနူချီ၊ ချီလီနီ၊ ရူဘင်ဒီယက်ဇ်၊ ရူဒီဂါ
အကောင်းဆုံးအမျိုးသမီးကစားသမားဆု ဆန်ခါတင်စာရင်း
လူစီဘရွန့်ဇ်၊ ဟာမိုဆို၊ စမန်သာခါး၊ လီကေးမာတင်စ်၊ အဲလက်စ်မော်ဂန်၊ ပူတဲလက်စ်















