ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 December 2021

ဘရိုက်တန် - ဝုလ်ဗ် (ကြာသပတေးနေ့ နံနက် ၂း၀၀ နာရီ)

ဘရိုက်တန်က ရလဒ်အရမ်းဆိုးနေတာလည်းမဟုတ်၊ အရမ်းကောင်းနေတာလည်းမဟုတ်၊ နိုင်ပွဲလည်းမရ၊ ရှုံးပွဲလည်း မကြုံနဲ့ သရေပွဲတွေ များနေတယ်။ ဝုလ်ဗ်ကတော့ လီဗာပူးလ် နဲ့ပွဲရော၊ မန်စီးတီးနဲ့ပွဲမှာပါ အထင်ကြီးစရာ ကစားဟန်ကို ပြသ နိုင်ခဲ့တဲ့အသင်းဖြစ်တယ်။ အသင်းငယ်တွေနဲ့ဆိုရင် ခြေကျသွား တတ်ပေမဲ့ ဒီပွဲမှာ အနိမ့်ဆုံးသရေတော့ ယူနိုင်မှာပါ။ 

ဘန်လေ - ဝက်ဖို့ဒ် (ကြာသပတေးနေ့ နံနက် ၂း၀၀ နာရီ)

ဝါရင့်နည်းပြကြီး ရာနီရေးရီ ဝင်လာပြီးကတည်းက ဝက် ဖို့ဒ်က နိုင်ပွဲ (၂)ပွဲသာရပြီး ကျန်ပွဲအားလုံး ရှုံးပါတယ်။ အသင်း က Do or Die ပုံစံကစားပြီး သရေပွဲတွေနည်းတယ်။ နိုင်ရင်နိုင်၊ မနိုင်ရင် ရှုံးဆိုတာမျိုးဖြစ်နေတယ်။ ခံစစ်ပိုင်းက တော်တော်လေး ဆိုးရွားနေသလို၊ တိုက်စစ်ကလည်း အားအနည်းဆုံးပါပဲ။ ဒီပွဲ လည်း ဘန်လေကို ပိုကြိုက်တယ်။ 

ခရစ္စတယ်ပဲလေ့စ် - ဆောက်သမ်တန် (ကြာသပတေးနေ့ နံနက် ၂း၀၀ နာရီ)

နှစ်သင်းစလုံးက လူအင်အားမဆိုးပေမဲ့ ရလဒ်တွေဆိုး နေတယ်။ ဆောက်သမ်တန်က အသင်းငယ်တွေကို မရှုံးအောင် ထိန်းကစားနေပေမဲ့ အသင်းကြီးတွေကို ဂိုးပြတ်တွေရှုံးခဲ့တယ်။ ခြေစွမ်းရော၊ လူအင်အားပါ ပဲလေ့စ် နည်းနည်းသာပေမဲ့ အရမ်း မကွာဟဘူး။ ဒီအဆင့်တွေကြားမှာ အိမ်ကွင်းအားသာချက် ကလည်း သိပ်မကြီးပါဘူး။ သရေကျသွားနိုင်တယ်။ 

အာဆင်နယ် - ဝက်စ်ဟမ်း (ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ)

ဝက်စ်ဟမ်းက နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းကြီးတွေ ထဲက လီဗာပူးလ်ကို နိုင်၊ မန်စီးတီးကို ကပ်ရှုံးခဲ့ပြီး ချယ်လ်ဆီးကို အနိုင်ကစားခဲ့တယ်။ အသင်းရဲ့ခြေစွမ်း၊ ယုံကြည်မှုတွေ မြင့်မား နေပြီး အာဆင်နယ်ကိုလည်း ကောင်းကောင်းရင်ဆိုင်ပါလိမ့် မယ်။ အာဆင်နယ်အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး အိမ်ကွင်း ဆိုပေမဲ့ သရေဆိုရင် ကျေနပ်စရာပါပဲ။ 

Most Read

Most Recent