လီဝန်ဒေါစကီးနဲ့ ဟော်လန်း မရှိတော့ရင်

လီဝန်ဒေါစကီးနဲ့ ဟော်လန်း မရှိတော့ရင်
Photo: Getty Images & AFP
Photo: Getty Images & AFP
Published 8 December 2021
အယ်နီညို

ဟော်လန်း တစ်ချိန်က ပြောခဲ့ဖူးသလို လီဝန်ဒေါစကီးက သူများ(၂)ဂိုးသွင်းရင် (၃)ဂိုး လိုက်သွင်းမယ်ဆိုတဲ့ ကစားသမားမျိုးပါ။ ပြီးခဲ့တဲ့ မတ်လတုန်းက ဒီနှစ်သင်း ဆုံခဲ့ရာမှာ ဟော်လန်း ပွဲအစ(၉)မိနစ်အတွင်း (၂) ဂိုးသွင်းခဲ့ပေမဲ့ လီဝန်ဒေါစကီးက ဟက်ထရစ်သွင်းပြီး ဘိုင်ယန်ကို (၄-၂)ဂိုးနဲ့ အနိုင်ရစေခဲ့တယ်။ ဒီတော့ နောက်ပိုင်းမှာ ဘိုင်ယန်နဲ့ ဒေါ့မွန်ရဲ့ ပြိုင်ဆိုင်မှုလို့ပြောလိုက်ရင် ဒီကစားသမားနှစ်ဦးကိုပဲ ပြေးမြင်ကြတော့တယ်။ သူတို့က လက်ရှိ ဘွန်ဒစ်လီဂါရဲ့ အကောင်းဆုံး ကစားသမား (၂) ယောက်ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး (၂)ယောက်လည်း ဖြစ်တယ်။ ဟော်လန်းဆိုရင် အခုမှ (၂၁)နှစ်ပဲ ရှိသေးသလို ဂျာမန်မြေကို ရောက်လာတာလည်း (၂)နှစ်မပြည့်သေးဘူး။ ဒါပေမဲ့ ဘိုင်ယန်နဲ့ပွဲမှာ သွင်းခဲ့တဲ့ဂိုးက ဘွန်ဒစ်လီဂါ (၅၁) ဂိုး မြောက် သွင်းဂိုးဖြစ်ပါတယ်။ (၅၁)ဂိုးကို ပွဲ(၅၁) ပွဲကစားပြီး ရခဲ့တာလည်း ဖြစ်တယ်။