စိန့်အက်တီယန် - PSG (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
ဇယားထိပ်ဆုံးက ချန်ပီယံလောင်းအသင်းနဲ့ တန်းဆင်း ဇုန်ထဲက အသင်းတို့အကြား အစစအရာရာ ကွာခြားချက်ကြီး ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ စိန့်အက်တီယန်က တန်း ဆင်းဇုန်ရုန်းအားနဲ့အတူ နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားတာပါပဲ။ ဒီတော့ အခုအိမ်ကွင်းပွဲမှာလည်း ယုံကြည် မှုမြင့်နေတဲ့ စိန့်အက်တီယန်တို့ ကို အဆုံးစွန်အထိ အ ခက်တွေ့အောင်လုပ်ဖို့ ကြိုးစားလာမှာပါ။ က ကြားရက် မှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲကစားထားရလို့လည်း ပွဲပန်းနေ နိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုအတွက် စောစောစီးစီးအမှတ် ဖြတ်မယ့် တို့ အနိုင်ရအောင်တော့ ကစားမှာပါ။
ဘော်ဒိုး - ဘရက်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ဘရက်စ်က နောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲမရှိကစားပြီး တန်း ဆင်းဇုန်က ရုန်းထွက်သွားတယ်။ အခုပွဲလည်း ဘော်ဒိုးအိမ်ကွင်း ဆိုပေမဲ့ ခြေမှန်နေတဲ့ ဘရက်စ်တို့ အမှတ်ရပါလိမ့်မယ်။
လော်ရီယန့် - ရန်းစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
နိုင်ပွဲပျောက်နေတာကြာပြီဖြစ်တဲ့ လော်ရီယန့်တို့ အခုပွဲ လည်း ခြေမှန်နေတဲ့ ရန်းစ်နဲ့တွေ့နေလို့ နိုင်ပွဲရှာဖို့ခက်ဦးမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရန်းစ်တို့ အနိုင်ကစားလိမ့်မယ်။
မိုနာကို - စထရာဘိုး (တနင်္ဂနွေည ၈း၃၀ နာရီ)
ရလဒ်တွေဆက်တိုက်ကောင်းခဲ့ပြီးမှ မိုနာကိုတို့ ခြေပြန် ကျသွားတယ်။ တိုက်စစ်က အားနည်းလွန်းပြီး အခုပွဲမှာ စထရာ ဘိုးကို အသာစီးယူဖို့ခက်မှာပါ။ သရေကျဖို့များတယ်။
Reims - ကလယ်မွန့် (တနင်္ဂနွေည ၈း၃၀ နာရီ)
နှစ်သင်းစလုံး အပြိုင်ခြေကျနေပြီး ဇယားအောက်ခြေ ကို တဖြည်းဖြည်းရောက်လာတယ်။ ကိုပဲရွေးမယ်။
မောင့်ပယ်လီယာ - လိုင်ယွန် (တနင်္ဂနွေည ၁၀း၃၀ နာရီ)
မောင့်ပယ်လီယာက အိမ်ကွင်းကစားအားကောင်းတဲ့အ သင်းပါ။ လိုင်ယွန်ကလည်း အခုထိခြေမငြိမ်သေးဘဲ အဝေးကွင်း တွေမှာ ပိုရုန်းကန်နေရတယ်။ မောင့်ပယ်လီယာပဲ ကြိုက်တယ်။
မာဆေးလ် - ထရွိုင်စ် (တနင်္လာနံနက် ၂း၁၅ နာရီ)
မာဆေးလ်တို့ လီဂူး (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမဲ့ သရေပွဲတွေ များနေတာ တွေ့ရတယ်။ အခုအိမ်ကွင်းပွဲမှာတော့ တန်းဆင်းဇုန် နားက ထရွိုင်စ်ကို အနိုင်ကစားမှာပါ။