ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသော အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်းမရှိ

ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသော အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်းမရှိ
နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သော အာရှ-ဥရောပ အွန်လိုင်းအစည်းအဝေးအဖွင့်မိန့်ခွန်းအား ပြောကြားနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ်
နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သော အာရှ-ဥရောပ အွန်လိုင်းအစည်းအဝေးအဖွင့်မိန့်ခွန်းအား ပြောကြားနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ်
Published 25 November 2021
Ref: Bangkok Post

အာရှနှင့် ဥရောပခေါင်းဆောင်များ ပါဝင်မည့်  အွန်လိုင်းထိပ်သီးအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု မြန်မာနိုင်ငံ၏ တပ်မတော်ဦးဆောင်သောအစိုးရက အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံကို အကြောင်းကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါအွန်လိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ တပ်မတော်၏ အာဏာလွှဲပြောင်းယူမှုအလွန်ကာလတွင် နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံက ဖယ်ကြဉ် ထားခဲ့ပြီးနောက် အာရှ-ဥရောပအစည်းအဝေး (ASEM) သို့ နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်တစ်ဦးကို မြန်မာက စေလွှတ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားသည်။

မိမိတို့အနေဖြင့် ထိုအစည်းအဝေးကို လေ့လာရန် နည်းစနစ်အဖွဲ့ကို စေလွှတ်ရုံမျှသာ စေလွှတ်လိမ့်မည်ဟု မြန်မာနိုင်ငံက အကြောင်းပြန်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားသည်။

ASEM တွင် အာရှနှင့် ဥရောပတို့မှ  နိုင်ငံ ၅၁ နိုင်ငံပါဝင်ရာ ဥရောပမှ နိုင်ငံ ၃၀ နှင့် အာရှမှ ၂၁ နိုင်ငံတို့ဖြစ်သည်။ ASEM နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတို့ကိုလည်း အလားတူ ၆၀ ရာခိုင် နှုန်းကိုယ်စားပြုနေသည်။

အာဆီယံသည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားသည်။

နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၃ ကြိမ်မြောက် ASEM အစည်းအဝေးတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆွေးနွေးမည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။

ပထမနေ့အစည်းအဝေးတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က လွန်ခဲ့သော နှစ်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သော အခက်အခဲများကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သောလတွင် ဘရူနိုင်းက လက်ခံကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုဝင်ဘာ ၂၂ ရက်တွင် တရုတ်က လက်ခံကျင်းပသော အာဆီယံ-တရုတ် အထိမ်းအမှတ်အစည်းအဝေးတို့ အပါအဝင် အာဆီယံဆက်စပ်အစည်းအဝေးများကို   မြန်မာကတတိယအကြိမ် သပိတ်မှောက်ခြင်းဖြစ်သည်ဟု ဘန်ကောက် ပို့စ်သတင်းဌာနက ဖော်ပြခဲ့သည်။  

တရုတ်နိုင်ငံက  ဦးဆောင်ကျင်းပခဲ့သည့် အာဆီယံ-တရုတ်အွန်လိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အား အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံက ဖိတ်ကြားခဲ့သည့်အပြင် အာဆီယံနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း အာဆီယံနိုင်ငံအချို့က  ယခင်အာဆီယံထိပ်သီးအစည်းအဝေး ရပ်တည်ချက်အတိုင်းပင် နိုင်ငံရေးရာထူးမရှိသူ ကိုယ်စားလှယ်သာ တက်ရောက်ရန် ဖိအားပေးခဲ့ခြင်းကြောင့် မြန်မာက ယင်းအစည်းအဝေးကို မတက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။     

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည့်အချိန်သည် ၁၉၇၇ ခုနှစ် တပ်မတော်အစိုးရလက်ထက်၌ဖြစ်ပြီး အစိုးရကို ကိုယ်စားပြုဝင်ရောက်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံကိုကိုယ်စားပြု ဝင်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံပဋိညာဉ်၊ အာဆီယံစိတ်ဓာတ်၊ အာ ဆီယံလမ်းစဉ်များကို တိကျစွာလိုက်နာခဲ့ကြောင်း၊ ဆက်လက်၍လည်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒ၊ ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ နိုင်ငံအချင်းချင်း        ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က  နိုဝင်ဘာ ၂၂ ရက်က ပြောကြားထားသည်။

 

 

Most Read

Most Recent