၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးရှိပြီး ရှစ်ဦးဒဏ်ရာရရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးရှိပြီး ရှစ်ဦးဒဏ်ရာရရှိ
Published 22 November 2021
အောင်မင်းသိန်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးရှိပြီး ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်နှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာများကို အစိုးရ၊ တပ်မတော်၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူများက ပူးပေါင်းဆောင်ရွက်နေမှုအပေါ် မလိုလားသည့်အုပ်စုများသည် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကိုသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးရှိပြီး ရှစ်ဦးဒဏ် ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းသုံးဦးမှာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း တိုက်နယ်ဆေးရုံမှဆေးရုံလုပ်သား သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ဦး၊ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် တောင့်တက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွား ဆရာမနှစ်ဦး တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ သတ်ဖြတ်မှုကြောင့် သေဆုံးခြင်းမရှိသော်လည်း ဒဏ်ရာရရှိခဲ့သည့် ကျန်းမာရေးဝန်ထမ်းရှစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းတိုက်နယ်ဆေးရုံမှ ဆေးရုံသန့်ရှင်းရေးဝန်ထမ်း အမျိုးသားတစ်ဦး၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီ တိုက်နယ်ဆေးရုံမှ ဆေးရုံအထွေထွေလုပ်သား အမျိုးသားတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ သူနာပြုအမျိုးသမီးတစ်ဦး၊ မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ကပိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းမှ ကျန်းမာရေးမှူး အမျိုးသားတစ်ဦး၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ၀ါးဒက်ကွင်းကျေးရွာ ကျန်းမာရေး ဆေးပေးခန်းမှ ကျန်းမာရေးမှူး အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဆရာဝန် အမျိုးသမီးတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် တမူးပြည်သူ့ဆေးရုံမှ ကျန်းမာရေးမှူး အဆင့်(၄)အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံပြည်သူ့ဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အထက်ပါကဲ့သို့ သတ်ဖြတ်မှုကြောင့် ကျန်းမာရေးဝန်ထမ်းများ သေဆုံးခဲ့ရခြင်းများအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာ၊ ဆရာမနှင့်  ပညာရေးဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် သတ်ဖြတ်ခံရမှုကြောင့် နိုင်င့ံဝန်ထမ်း ၃၈ ဦး သေဆုံးကြောင်း သိရသည်။

ထို့အတူ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း လုပ်ကြံသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ ၁၉၈ ဦး သေဆုံးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent