ကမ္ဘာ့နိုင်ငံများတွင် နိုဝင်ဘာ ၁၉ ရက်က တစ်ရက်အတွင်း COVID-19 လူနာသစ် ၅၉၀၀၀၀ ကျော်နှင့် သေဆုံးသူ ၇၇၀၀ ကျော်ရှိ

ကမ္ဘာ့နိုင်ငံများတွင် နိုဝင်ဘာ ၁၉ ရက်က တစ်ရက်အတွင်း COVID-19 လူနာသစ် ၅၉၀၀၀၀ ကျော်နှင့် သေဆုံးသူ ၇၇၀၀ ကျော်ရှိ
စက်တင်ဘာ ၁၉ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးနေစဉ် (Photo: AP)
စက်တင်ဘာ ၁၉ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးနေစဉ် (Photo: AP)
Published 20 November 2021

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှုအနေဖြင့် နိုဝင်ဘာ ၁၉ ရက်က တစ်ရက်အတွင်း လူနာသစ် ၅၉၀၀၀၀ ကျော်နှင့် သေဆုံးသူ ၇၇၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် နိုဝင်ဘာ ၁၉ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာသစ် ၅၉၉၀၀၂ ဦးနှင့် သေဆုံးသူ ၇၇၇၁ ဦးရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၂၅၆၉၂၆၉၂၇ ဦးရှိပြီး သေဆုံးသူ ၅၁၅၅၂၀၈ ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း၂၃၁၉၆၀၆၄၅ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် တွေ့ရှိခဲ့သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထိုအတိုင်းပင် ဖော်ပြခဲ့သော ကူးစက်မှု ဖြစ်စဉ်သည် မူလယုံကြည်ထားသည်ထက် ရက်ပေါင်းများစွာ အမှန်တကယ် နောက်ကျခဲ့သည်ဟု နိုဝင်ဘာ ၁၈ ရက်ထုတ် Science ဂျာနယ်တွင် ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။

မူလလူနာမှာ သားရိုင်းတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ရောင်းချသော ဝူဟန်စျေးသို့သွားသူမဟုတ်ဘဲ ထိုစျေးတွင် အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ရောဂါပိုးမွှားဗေဒပညာရှင် မိုက်ကယ်ဝိုရာဘီက ရေးသားခဲ့သည်။

အဓိကကျသော သတင်းအစအနနှင့် ဝူဟန်မြို့က အခြားသော အစောပိုင်းကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များကို ၎င်း၏လေ့လာဆန်းစစ်မှုတို့ကြောင့် ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ အစပြုခဲ့သည်ဆိုသော အချက်ကို ရှင်းလင်းစွာ ပေါ်လာစေခဲ့သည်ဟု ၀ိုရာဘီက ဖော်ပြခဲ့သည်။

တိကျသော အထောက်အထားမရှိခြင်းနှင့်အတူ ကပ်ရောဂါအစပြုမှု နှစ်နှစ်နီးပါးရှိလာချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဇာစ်မြစ်နှင့် ပတ်သက်၍ ပညာရှင်များ အငြင်းပွားခဲ့ကြသည်။

၀ိုရာဘီသည် မေလလယ်က သိပ္ပံဂျာနယ်တွင် ပါဝင်ခဲ့သောဆောင်းပါး၌ ပါဝင်ရေးသားခဲ့သော ပညာရှင် ၁၅ ဦးထဲမှတစ်ဦး ဖြစ်သည်။

ဗိုင်းရပ်စ်သည် ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းမှ စိမ့်ထွက်လာခဲ့သည်ဆိုသော အယူအဆကို အလေးအနက် စဉ်းစားကြရန် အဆိုပါဆောင်းပါးတွင် ဆော်သြခဲ့သည်။

ယခုနောက်ဆုံးဆောင်းပါးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ၏ ဇာစ်မြစ်နှင့်စပ်လျဉ်း၍ ၎င်းပြုလုပ်ထားသော သုတေသနအရ တိရစ္ဆာန်အရှင်များ ရောင်းသောစျေးသည် ကပ်ရောဂါ၏ ဇာစ်မြစ်ဖြစ်သည်ဟူသော ခိုင်မာသည့် အထောက်အထားကို ပံ့ပိုးပေးသည်ဟု ၎င်းကရေးသားခဲ့သည်။

အဆိုပါစျေးမှ ဗိုင်းရပ်စ်မြစ်ဖျားခံလာသည်ဆိုသော အယူအဆအပေါ် ဝေဖန်ချက်တစ်ခုမှာ အစောဆုံးအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စျေးနှင့်ဆက်စပ်ကာ  သံသယဖြစ်စရာ ရောဂါကူးစက်မှုဖြစ်စဉ်များကို အာဏာပိုင်များက သတိပေးခဲ့ခြင်းနှင့် အခြားနေရာများထက် အဆိုပါစျေးတွင် ကူးစက်မှု ပိုမိုဖြစ်ပွားသည်ဟူသော အချက်ကြောင့် ဖြစ်သည်ဟု ၎င်းကရေးသားခဲ့သည်။

အဆိုပါ အကြောင်းပြချက်ကို တုံ့ပြန်ရန် ၀ိုရာဘီသည် သတိပေးချက်ထွက်ပေါ်မလာခင် ဆေးရုံနှစ်ရုံက ပေးပို့လာသော ကူးစက်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ခဲ့သည်။

အဆိုပါ ကူးစက်မှုဖြစ်စဉ်များမှာ စျေးနှင့်အဓိကအားဖြင့် ဆက်စပ်နေခဲ့ပြီး စျေးနှင့်ဆက်စပ်ခြင်းမရှိသော ကူးစက်ခံရသူများမှာ မည်သို့ဆိုစေ ပထဝီအနေအထားအရ စျေးတစ်ဝိုက်တွင် တစ်စုတစ်စည်းတည်း ရှိနေခဲ့ကြသူများဖြစ်သည်ဟု ဆိုသည်။

“လူ ၁၁ သန်းရှိတဲ့ ဒီမြို့မှာ အစောပိုင်း ကူးစက်မှုဖြစ်စဉ် တစ်ဝက်ဟာ ဘောလုံးကွင်း အရွယ်အစားရှိတဲ့နေရာနဲ့ ဆက်စပ်နေပါတယ်” ဟု ၎င်းကနယူးယောက်တိုင်းမ် သတင်းစာကို ပြောကြားခဲ့သည်။

Most Read

Most Recent