၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း ကျောက်မီးသွေးတန်ချိန် ၉၄၈၈၆ တန်ကျော် ထုတ်လုပ်ထားပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ တန်ချိန် ၅၅၇၀၀ ကျော်ဖြင့်  အများဆုံးဖြစ်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း ကျောက်မီးသွေးတန်ချိန် ၉၄၈၈၆ တန်ကျော် ထုတ်လုပ်ထားပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ တန်ချိန် ၅၅၇၀၀ ကျော်ဖြင့်  အများဆုံးဖြစ်
Published 19 November 2021

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း ကျောက်မီးသွေးတန်ချိန် ၉၄၈၈၆ တန်ကျော် ထုတ်လုပ်ထားပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှ တန်ချိန် ၅၅၇၀၀ ကျော်ဖြင့် အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကျောက်မီးသွေး ထုတ်လုပ်ထားမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ တန်ချိန် ၄၀၀၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း) မှ တန်ချိန် ၁၈၀၇၄၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၅၅၇၂၇ ဒသမ ၄၈ဝတန်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တန်ချိန်  ၁၅၂၈၅၊ မကွေးတိုင်းဒေသကြီးမှ တန်ချိန် ၅၄၀၀ ထုတ်လုပ်ထားကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း  ပြည် နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက် စပ်လုပ်ကွက်များမှ  ရွှေ ၇၇၁၅ ဒသမ၂၃၁ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး  ဇွန်လတွင် ၁၅၁၁ ဒသမ ၁၂ ထရိုင်အောင်စဖြင့် ရွှေ အများဆုံး ထုတ်လုပ်ထားကြောင်း သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လ အလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀ ပြည့် နှစ် အောက်တိုဘာတွင် ၆၂၈ ဒသမ ၃၁၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၆၄၁ ဒသမ ၉၀၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၇၅၈ ဒသမ ၀၅၀ ထရိုင်အောင်စ၊ ၂၀၂၁ ခုနှစ် ဇန် နဝါရီတွင် ၇၅၉ ဒသမ ၉၇၁ ထရိုင်အောင်စ၊  ဖေဖော်ဝါရီတွင် ၅၆၅ ဒသမ ၅၇ ထရိုင် အောင်စ၊ မတ်တွင် ၁၈၄ ဒသမ ၈၃ ထရိုင် အောင်စ၊ ဧပြီတွင် ၅၉၃ ဒသမ ၀၁ ထရိုင် အောင်စ၊ မေတွင် ၁၁၆၃ ဒသမ ၅၈ ထရိုင် အောင်စ၊ ဇွန်တွင် ၁၅၁၁ ဒသမ ၁၂ ထရိုင် အောင်စ၊ ဇူလိုင်တွင်၂၁၇ ဒသမ ၁၀ ထရိုင် အောင်စ၊ သြဂုတ်တွင် ၃၉၂ ဒသမ ၄၁ ထရိုင် အောင်စ၊ စက်တင်ဘာတွင် ၂၉၈ ဒသမ ၉၃၀ ထရိုင်အောင်စဖြင့် ၇၇၁၅ ဒသမ ၂၃၁ ထရိုင် အောင်စ ထုတ်လုပ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည် နယ်နှင့်တိုင်းဒေသကြီးအလိုက် ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၈၃၄ ဒသမ ၁၆ ရှိခဲ့ပြီး စစ် ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၇၃၄  ဒသမ ၂၆ အထိ အများဆုံးထုတ်လုပ်ထား ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရ သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ် လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသ မ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါ ရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ နှင့် ဇူလိုင်၌ ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ၊ သြဂုတ်၌ ၅၆၀ ဒသမ ၀၁၀ ထရိုင်အောင်စ နှင့် စက်တင်ဘာတွင် ၄၄၁ ဒသမ ၅၂၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ် လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စ၊ နိုဝင် ဘာတွင် ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင် ဘာလအတွင်း ၁၂၃ ဒသမ ၁၈၀ ထရိုင် အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်း ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ် တွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင်စ၊ မေ တွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဇွန် တွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စ၊ သြဂုတ်တွင် ၁၂ ဒသမ ၆၈၀ ထရိုင်အောင်စ၊ စက်တင်ဘာတွင် ၂၅၁ ဒသမ ၆၅၀ ထရိုင် အောင်စ ထုတ်လုပ်ခဲ့သည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁  ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာ၌ ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါ ရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေ ဖော်ဝါရီ၌ ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ  ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉ဝထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ  ၈ဝဝထရိုင်အောင်စနှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ သြဂုတ်တွင် ၆၈၀ ဒသမ ၅၈၀ ထရိုင်အောင်စ၊ စက်တင် ဘာတွင် ၇၉၈ ဒသမ ၂၄၀ ထရိုင် အောင်စ ဖြင့် စုစုပေါင်း ၇၈၃၄ ဒသမ ၁၆ ထရိုင်အောင်စ ထုတ်လုပ်ထားကြောင်း သိရသည်။

Most Read

Most Recent